6. Believe and Love

3K 402 22
                                    

* အကို့ ကို စီအီးအို ​ဆွဲထားတယ်​ ။ ဂရုစိုက်​ဂျုံအင်
အရက်​လုံးဝမ​သောက်​မိ​စေနဲ့ *

မန်​​နေဂျာအကိုဆီမှ မက်​​ဆေ့ရရခြင်း လူစုံ​နေပြီဖြစ်​​သော
ပါတီဝိုင်းမှ​ရှောင်​ထွက်​မရ​တော့​ချေ ။

နာမည်​ကြီးဒါရိုက်​တာများ လက်​ရှိ​အောင်​မြင်​​နေ​သည့်
အနုပညာရှင်​အများစုရှိ​နေသည့်​ ပွဲဖြစ်​​နေ​၍
လက်​လွှတ်​စပယ်​ ​ထထွက်​သွားဖို့ရန်​က အ​တော်​​လေး
အဆင်​မ​ပြေလှ ။

ပိုဆိုးသည်​က လက်​ရှိရိုက်​​နေသည့်​ဇာတ်​လမ်းက
ယ​နေ့တွင်​ အဆုံးသတ်​ပြီးပြီဆို​တော့
ပါဝင်​သရုပ်​​ဆောင်​ထားသည့်​အနုပညာရှင်​များအတွက်
်​နှုတ်​ဆက်​ပွဲဖြစ်​​နေတာက ဤ​နေရာမှ​ခြေလှမ်း၍
မရ​အောင်​ချီပြီးတုတ်​ပြီးသားဖြစ်​​နေ၏ ။

မန်​​နေဂျာအကို၏စကားအရဆို စီအီးအိုဘိုး​တော်​တွင်
ကြိုတင်​စီစဉ်​ထားပြီးသား အကြံအစည်​ရှိကိုရှိရမည်​ ။

အတူတွဲသရုပ်​​​ဆောင်​ခဲ့သည့်​မင်းသမီးနှင့်​ ကျ​တော်​ကို
ဤပွဲကိုအ​ကြောင်းပြု ​သတင်းထွက်​​စေမည်​ဆိုလျှင်​​တော့
အ​သေအချာကို သတိထားရ​တော့မည်​ ။

" ဂျုံ အင်​ ရှိ .. "

" ​အော်​ .. ဘာကိစ္စရှိလို့လဲ ?? "

" ကျမ ဂျုံ အင့်​ကိုသ​ဘောကျတာမှန်​​ပေမဲ့ ။
အထင်​လွဲစရာ​ကောလဟာလမျိုးမထွက်​​စေဖို့ အာမခံတယ်
ကျမဘက်​ကို​တော့ စိတ်​မပူပါနဲ့ ။ ဒါ​ပေမဲ့
သူတို့အကွက်​ချထားတယ်​ဆိုရင်​​ အဲ့ကိစ္စက ကျမလည်း
မတက်​နိုင်​ဘူး ဂျုံ အင်​ ရှိ "

သူမစိတ်​ဓာတ်​ကို ဇာတ်​ကားရိုက်​လာသည့်​ကာလအတွင်း
အ​တော်​​လေးရိပ်​ဖမ်းမိသည်​မို့ အထက်​ပါစကားအတွက်
သူမအ​ပေါ်သံသယမရှိပါ ။

သို့​သော်​ငြား ပါပါရာဇီဆိုသည့်​အမျိုးက တစ်​စိတ်​ကို
တစ်​အိတ်​လုပ်​ကြသူများဆို​တော့ သတိထားဂရုစိုက်
နိုင်​မှ​တော်​ရုံကျမည်​ ။

" ​​ဆောင်းဟာ ရှိ ရဲ့သ​ဘောထားကိုကျ​တော်​နားလည်​ပါ
တယ်​ ။ ​ကျေးဇူးတင်​ပါတယ်​ အခုလို ကျ​တော့်​ကို
သတိလာ​ပေးလို့ "

မောင့်​ သဲ ငယ်​ [ Sequel ] [ Complete ]Where stories live. Discover now