9. Pre Anniversary Present

2.8K 453 47
                                    

" ​မောင်​ .. ငါ တစ်​ခု​ပြောမလို့ "

" အင်း ​.. ​ပြော​လေ "

" မင်း အနုပညာ​လောကထဲက တကယ်​ထွက်​​တော့
မှာလား "

မ​နေ့ကတင်ပြသာနာတက်ထားသည်ကို ​နောက်​တစ်​ရက်
စစချင်း ဤအ​ကြောင်းအရာနှင့်​သာ
စကားစရသည်​ကား နှစ်​ဦးကြားအ​တော်​​လေး
အဆင်​မ​ပြေ​ပေမဲ့ ​မောင်​ ချစ်​​သောဝါသနာတစ်​ခုကို
ယခုလို ပစ်​ပယ်​လိုက်​သည်​မျိုးမဖြစ်​​စေချင်​ ။

" ​အဲ့အ​ကြောင်းနဲ့ပတ်​သတ်​ပြီး ​မောင်​ ထပ်​မ​ပြောချင်​ဘူး
မင်းလည်း ​မေ့လိုက်​​တော့ "

မောင်​ ဟာ သဲငယ်​ ကို စိတ်​ဆိုးဖို့ရန်​မဆိုထားနှင့်
လေသံမာမာနှင့်​တောင်​ မ​ပြောဖူးသူပါ ။
သို့​သော်​ငြား ကျ​တော့်​ကို ​ကျောခိုင်းပြီး
အခန်းထဲကထွက်​သွား​သော ​ဂင်​ ဂျုံ အင်​ က​တော့
မောင်​ နှင့်​မတူသလိုပါပင်​ ။

" ​မောင်​ .. ဘယ်​လဲ ?? "

" ​ဒီ​နေ့ပြန်​အလာမ​စောင့်​နဲ့ "

" ဒါက ဘာသ​ဘောလဲ ?? အဲ့​လေသံ အဲ့အချိုးက
တကယ့်​စိတ်​ရင်းလား ?? "

" ကျစ်​ ... ငါ့ကို ခဏ​လောက်​ လွှတ်​ထားစမ်းပါ "

ပိတ်​ကျသွားပြီဖြစ်​​သောတံခါးသံ​နောက်
အို ဆယ်​ ဟွန်း ဟာ တစ်​ခါမှ မဖြစ်​ဖူး​သော
ပြိုလဲခြင်းမျိုးနှင့်​ ကြမ်းပြင်​​ပေါ် ​ခွေယိုင်​ကျလာသည်​ ။

တစ်​မနက်​အတွင်း မဟုတ်​​သေး မိနစ်​ပိုင်းအတွင်း
ဖြစ်​ပျက်​သွား​သော ​ကျောခိုင်းခံရခြင်းနှင့်​ ရင်​နာမှုက
ကျ​တော့်​အတွက်​စိမ်းသက်​လွန်းသည့်​အပြင်
အထူးသဖြင့်​ ​မောင့်​ဆီမှဟူ​သော အ​ဓိကအချက်​​ကြောင့်
တင်းကျပ်​​နေသည့်​ရင်​ဘက်​တစ်​ပြင်​လုံးက ​သေလု
နီးပါးအထိပြင်းထန်​လွန်း၏ ။

အ​ကြောင်းအရင်းများကို ရှာနိုင်​ဖို့​နေ​နေသာသာ
ကျ​တော့်​ကို လျစ်​လျူ ရှုပြီး ​မောင်​ထွက်​သွားခြင်းအား
လက်​ခံနိုင်​ဖို့​တောင်​ မ​ရေရာခဲ့ ။

မောင့်​ သဲ ငယ်​ [ Sequel ] [ Complete ]Onde histórias criam vida. Descubra agora