10 . Happy Ever After

4.7K 457 56
                                    

နှစ်​တိုင်း​ဖြတ်​သန်း​နေကြ မင်္ဂလာနှစ်​ပတ်​လည်​​နေ့
ဖြစ်​​ပေမဲ့ ယ​နေ့က​တော့ ကျ​တော့်​အတွက်​ အ​တော်​​လေး
ထူးခြား၏ ။

အပင်​ပန်းခံပြီး ကြိုးစားပြင်​ဆင်​ထား​သော ချစ်​သက်
လက်​​ဆောင်​အား ​မောင့်​ကို ​ပေးချိန်​တန်​လာပြီဖြစ်​သဖြင့်
မနက်​စာစားပြီးကတည်းက ​ပျောက်​ချက်​သား​ကောင်း
နေပါ​သော ​မောင့်​ထံဖုန်းဆက်​ပြီး​ လှမ်း​ခေါ်ရသည်​ ။

* ​မောင်​ .. ငါ ​လိပ်​စာတစ်​ခုပို့လိုက်​မယ်
တစ်​နာရီအတွင်းလာခဲ့ *

အပြန်​အလှန်​ဖုံးကွယ်​ထား​သော ဒီရက်​ပိုင်းအတွင်း
မောင်​ကလည်း ကျ​တော့်​ကို အထူးလက်​​ဆောင်​​ပေးရန်
ဆိုပြီး အလုပ်​ရှုပ်​​နေ၏ ။

ကျ​တော်​သည်​လည်း Suprise လုပ်​ရန်​​သွေးပူ​နေပြီး
မိမိ၏ချစ်​သက်​လက်​​ဆောင်​အား ​မောင်​ သ​ဘောကျ
ပါ့မလားဟု စိုးရိမ်​စိတ်​ဝင်​ရသည်​က အခါခါ ။

အရင်​နှစ်​ကဆို ယ​နေ့လိုအချိန်​တွင်​ ဝိုင်​တစ်​ပုလင်း
ဇာတ်​ကား​ကောင်းတစ်​ပုဒ်​နှင့်​ ချစ်​ကြည်​နူးခဲ့ကြသည်​ ။

တစ်​​နေကုန်​ တစ်​​ယောက်​မျက်​နှာ တစ်​​ယောက်​ကြည့်​ပြီး
မည်​မျှချစ်​​ကြောင်း စာဖွဲ့ရင်း ​မင်္ဂလာနှစ်​ပတ်​လည်​​နေ့အား
ငြိမ်းငြိမ်းချမ်းချမ်းဖြတ်​သန်း​လေ့ရှိ​ပေမဲ့ ဤ​နေ့မှ
နှစ်​ဦးသား မနက်​မိုးလင်းကတည်းက စကား​ပြောဖို့
နေ​နေသာသာ မျက်​နှာချင်း​တောင်​မဆိုင်​ဖြစ်​ကြ ။

သို့​သော်​ငြား
နောက်​တစ်​​နာရီဆိုလျှင်​​ ကျ​တော်​ချိန်းထား​သည့်
နေရာကို​ရောက်​လာမည်​ဖြစ်​သဖြင့်​ ​ထွေထူးပြီး
မလွမ်း​တော့ပါ ။

မောင့်​၏ ပိုလျှံလွန်း​နေ​သောအချစ်​များစွာက
ကျ​တော်​တစ်​​ယောက်​တည်းရှိ​နေချိန်​တွင်​​တောင်
နွေး​ထွေးပြီး နှစ်​လိုဖွယ်​​ကောင်း​နေသည်​ဖြစ်​၍
မောင့်​အ​ကြောင်း​တွေးရုံနှင့်​ ပြုံးရယ်​နိုင်​​နေပါပြီ ။

အတူရှိချိန်​တွင်​ဆို ကျေ​တာ်​အိုဆယ်​ဟွန်းအတွက်
မောင့်​ဖြစ်​တည်​မှုက မည်​မျှအ​ရေးပါ​ကြောင်း တိုင်းတာ၍
မရနိုင်​​ပေမဲ့ ​​​မောင်​ ​ဘေးနားမရှိချိန်​ဆို သိသာလွန်း​နေသည့်
လစ်​ဟာမှုက ​ဖော်​မပြနိုင်​​အောင်​ အလွမ်းရာချီကို
ခံစား​စေသည်​ ။

မောင့်​ သဲ ငယ်​ [ Sequel ] [ Complete ]Onde histórias criam vida. Descubra agora