2. I worried about You

4.5K 458 25
                                    

မအိပ်​ခင်​အထိ ​တစ်​ကိုယ်​လုံးကိုက်​ခဲပြီး နုံးချိ​နေသည့်
ဖျားနာမှုသည်​ မနက်​အိပ်​ရာနိုးနိုးချင်း သက်​​သောင့်
သက်​သာနှင့်​​ခေါင်းအုံရုံမျှသာ ခံစားရသည်​ဆို​တော့
ကျ​တော်​အိပ်​​ပျော်​သွားပြီးမှ ​မောင်​ပြန်​လာဟန်​ရှိပါ၏ ။

" ​မောင်​ .. "

" နိုးပြီလား "

အသံထွက်​ရုံသာ တမ်းတရ​သေးသည်​ ။ ​ခါး​ကိုတင်းကျပ်​စွာ
ဖက်​ထားသည့်​လက်​တစ်​ဖက်​နှင့်​အတူ ​ကျ​တော့်
နောက်​​ကျောဘက်​တွင်​ အ​ခြေယူထားပြီးသားဖြစ်​​သော 
မောင့်​​ရင်​ခွင်​ ။

" ဘာလို့လာဖက်​တာလဲ ။ လက်​ဖယ်​​ပေး ။
တစ်​ညလုံး ငါနဲ့အတူအိပ်​တာလား "

" ​မောင့်​ကို စိတ်​ဆိုး​နေတာလား ငယ်​ "

ကိုယ့်​အဖျား သူ့ကိုကူးမိမည်​စိုးသဖြင့်​ ​မောင့်​လက်​​မောင်း
အတွင်းမှချက်​ချင်းရုန်းထွက်​ပြီး ထထိုင်​လိုက်​စဉ်
ရိပ်​ခနဲမူးသွား​သော အ​ခြေအ​နေက အရမ်းကြီး
မဆိုး​ပေမဲ့ ​မောင်​မပူပန်​​စေချင်​၍ ​ဖော်​မပြမိလိုက်​ ။

သို့​သော်​ငြား
ကျ​တော့်​အပြု အမူကိုတလွဲထင်​ကာ မျက်​နှာပျက်​သွား
ူသည်​ ​မောင့်​ကို မဖြစ်​မ​နေပြန်​​ချော့ရမည်​ဆိုတာကို​တော့
ကျ​တော်​ မ​မေ့ပါ ။

" ​ပေါက်​တက်​ကရ ငါကဘာလို့ မင်းကို
စိတ်​ဆိုးရမှာလဲ ?? အဖျား​တွေကူးမှာစိုးလို့​ပြောတာ "

" တစ်​ပတ်​လုံးလုံးအဆက်​အသွယ်​မရှိခဲ့​တော့
မသိပါဘူး .. သဲငယ်​က ​မောင့်​ကို စိမ်းကားသွားပြီး
လားလို့ "

စလာပါပြီ အရစ်​ဇာတ်​လမ်းများ ... ။

" ဂင်​ ဂျုံ အင်​ ရှိ .. ​နေမ​ကောင်းတဲ့သူက
မင်းလား ငါလား ?? "

မျက်​​မှောင့်​အနည်းငယ်​ကျုံပြလိုက်​ရုံနှင့်​ တစ်​ဟဲဟဲရယ်​ကာ
မျက်​နှာချို​သွေးလာသည့်​ ​​မောင့်​ အား ကျ​တော်​က
ဘယ်​လိုစိတ်​ရူးမျိုးနဲ့များ အ​ချစ်​​လျော့ပါမည်​နည်း ။

မ​ဖော်​ပြဖြစ်​တာ​တွေ ​မ​ဖော်​ပြမိတာ​တွေ ​ကြောင့်
ကျ​တော့်​ပုံစံ ကျ​တော့်​အချစ်​သည်​ ​အေးစက်​စက်
ဖြစ်​​နေမှန်း ကိုယ်​တိုင်​လည်းသိ၏ ။

မောင့်​ သဲ ငယ်​ [ Sequel ] [ Complete ]Donde viven las historias. Descúbrelo ahora