8. The Winner Of Between Us

2.9K 431 29
                                    

" ​မောင်​​ ​ရေ .. "

" လာပြီ အသဲ "

မောင်​​ရော ကျ​တော်​​ရော အလုပ်​​တွေအကုန်​ပစ်​ထားပြီး
အိမ်​တွင်း​အောင်းကြခြင်းသည်​ ဂင်​ ဂျုံ အင်​ အနုပညာ
လောကမှထွက်​ခွာဟူ​သော​သတင်းများအား 
ရှောင်​ပုန်းချင်​၍မဟုတ်​ဘဲ တမင်​ကို အပြင်​နှင့်
အဆက်​အသွယ်​ဖြတ်​ပြီး စိတ်​လွတ်​ကိုယ်​လွတ်​အနားယူ
ဖြစ်​ကြခြင်းဖြစ်​၏ ။

မဂ္ဂဇင်းနှစ်ပတ်လည်ပွဲ​​​​ကိုလည်း အခြားသူနှင့်​လွှတ်​ထား၍
သူ​ဌေးမှဖုန်းဆက်​ဆူ​သော်​ငြား ဤ အို ဆယ်​ ဟွန်း
သည်​ ဒိတ်​ဒိတ်​ကြဲပညာရှင်​ဖြစ်​​သော​ကြောင့်
ကြီးကြီးမားမား​အပြစ်​မတင်​ရဲ​ပါ​ချေ ။

" ဘာစားချင်​လို့လဲ ?? ​မောင်​ ဘာ ဝယ်​​ပေးရမလဲ ??
အပြင်​ထွက်​စားမလား ?? "

" အချိန်​ပြည့်​ ငါက ​ဗိုက်​ဆာ​နေရမှာလား "

" ကဲပါ ​မောင်​ ဘဲ မှား ပါတယ်​ "

တစ်​ခါတစ်​​လေ ​မောင်​ ဟာ ကျ​တော့်​အ​ပေါ်
ချစ်​ရလွန်း၍ ငြီး​ငွေ့သွားမလား သို့တည်းမဟုတ်
ကျ​တော့်​ အတွက်​ ​မောင့်​၏အကဲပိုမှုများက
စိတ်​ရှုပ်​​စေမလား လို့ ​သေ​သေချာချာ ဆန်းစစ်​ဖူးသည်​ ။

ထိုအချိန်​တိုင်း ကျ​တော့်​၏ သံသယများအား
ဖြေ​ဖျောက်​​စေသည့်​တစ်​ခုတည်း​သောအ​ကြောင်းတရား
သည်​ကား ​​​​ကျ​တော်​ ​မောင်​ ဟု တစ်​ခွန်း​ခေါ်တိုင်း
အပြုံးမပြတ်​​တော့​သော ​မောင့်​နှုတ်ခမ်းနှစ်​လွှာပင်​ .. ။

" ​မောင်​ .. မင်း ငါ့ ကို ချစ်​သလား ?? "

" ဘယ်​လို ​မေးလိုက်​တာလဲ ​မောင့်​ အသဲ ရယ်​ "

ဆိုဖာ​ပေါ်ထိုင်​​​နေသည့်​ကျ​တော့်​​ခြေရင်းနား
ဒူး​ထောက်​ထိုင်​ချပြီး အထက်​ပါအ​မေး​ကြောင့်
သူ့အချစ်​အ​ပေါ် ကျ​တော်​ သံသယဝင်​​နေသည်​ဟု
အထင်​လွဲသွားကာ မှိုင်းကျသွား​သောမျက်​ဝန်းရိပ်​နှင့်
ခပ်​တိုးတိုး​ရေရွတ်​ရှာသည်​ ။

" ဘာလို့လဲ ​ဖြေစရာမရှိ​တော့လို့လား "

" ​​မင်းအ​မေကို နားချခဲ့တုန်းက​ပြောတဲ့စကားကို
မှတ်​မိ​သေးလား ?? တကယ်​ မင်းအတွက်
မောင်​ကိုယ်​တိုင်​က​လေး​မွေး​ပေးရမလား ?? "

မောင့်​ သဲ ငယ်​ [ Sequel ] [ Complete ]Onde histórias criam vida. Descubra agora