4. Long Night Dating

3.6K 427 57
                                    

" ညမိုးချုပ်​​နေပြီ ပြန်​ရ​အောင်​ ​မောင်​ ရာ "

" ပင်​ပန်း​နေလို့လား ?? အဖျားပြန်​ဝင်​ချင်​​နေတာလား ??
မှန်းစမ်း !!! ကိုယ်​လည်း မပူပါဘူး "

ကျ​တော့်​ဘက်​မှ စကားတစ်​ခွန်းသာ စရ​သေး ။
မောင့်​ထံမှ စိုးရိမ်​တကြီး​မေးခွန်း​ပေါင်းများစွာက
အ​တောမသတ်​​တော့ ။

" မင်း ကို နား​စေချင်​လို့ "

လူငယ်​ဘဝတုန်းကသာ အလိုက်​ကန်းဆိုးမသိ
ဆိုးချင်​ဆိုးမည်​ ။ ဂျစ်​တိုက်​ချင်​ ဂျစ်​တိုက်​မည်​ ။
မောင်​ နားလည်​​ပေးသမျှ​အ​ပေါ် အခွင့်​​ကောင်းယူချင်
ယူမည်​ ။

" ​မောင်​တို့ လက်​ထက်​ပြီး အရမ်း​ပြောင်းလဲသွားလိုက်​တာ
အရင်​က အဆိုးအ​တေ​လေးအိုဆယ်​ဟွန်း ဘယ်​​ရောက်
သွားတုန်း "

ဤကဲ့သို့​သော ကျ​တော့်​ကို သည်းသည်းလှုပ်​ချစ်​​ပေး
နိုင်​သူအ​ပေါ် အ​ကြောင်းပြချက်​မရှိ အနိုင်​မယူချင်​​တော့ပါ ။

လူကြီးပိုင်းလည်း​ရောက်​​နေပြီ ။ အသက်​အရွယ်​ကလည်း
ရင့်​ကျက်​သင့်​သ​လောက်​ ရင့်​ကျက်​​နေပြီ ။
အဘယ်​စိတ်​မျိုးနှင့်​များ တစ်​​ကိုယ်​​ကောင်းဆန်​ဆန်
အခွင့်​​ကောင်းယူရ​မည်​နည်း ။

" ငါ ရင့်​ကျက်​လာတာကို ​မောင်​ ​​ပျော်​သင့်​တာ
မဟုတ်​ဘူးလား ။ အရင်​ကလို အာ​ပေါက်​မတက်
ချော့စရာလည်းမလို​တော့ဘူး​လေ "

" ဘယ်​လိုများ ​ပြောလိုက်​တာလဲ ဟွန်းငယ်​ရယ်​ ။
အခုအချိန်​အထိ ​ပေးခဲ့သမျှအချစ်​​တွေအကုန်​လုံးကို
နည်း​သေးတယ်​ လို့ ယူကြုံးမရဖြစ်​​နေတဲ့​ကောင်​ပါ ။
မောင်​ မင်းကို ငြို ငြင်​ ရက်​ပါ့မလား "

သိသိသာသာကို တုန်​ရီလာသည့်​ ​မောင့်​​လေသံနှင့်
ကျ​တော့်​အားပိတ်​ရပ်​ပြီး စိုက်​ကြည့်​လာသည့်​ 
မောင့်​မျက်​ဝန်းများက ဝမ်းနည်း​နေသလို မှိုင်းကျလာ၏ ။

" ​မောင်​ .. "

" ​မင်း ကိုယ်​​​နွေး​နေတာနဲ့တင်​ ပျာယာခတ်​​နေတဲ့
မောင့်​ အပူကိုမမြင်​ဘူးလား ။ မင်း စကားနည်းလာတာနဲ့
ဘာများဖြစ်​လို့လဲ ?? စိတ်​ညစ်​စရာရှိလို့လား ??
ထုတ်​မပြတက်​တဲ့ မင်းအကျင့်​ကိုသိသိကြီးနဲ့
အလုပ်​အကိုင်​အပျက်​ခံပြီး စိုးရိမ်​ရတာ လည်း အကြိမ်​ကြိမ်
ပါ ။ မင်း ​မောင့်​ အ​ပေါ် ဂျစ်​တိုက်​မှ ​မောင့်​အ​ပေါ်ဆိုးမှ
နေသာထိုင်​သာရှိပြီး စိတ်​​ပျော်​​ရတဲ့ ခံစားချက်​ကိုလည်း
မင်းမသိပါဘူး ဆယ်​ ဟွန်း ရာ "

မောင့်​ သဲ ငယ်​ [ Sequel ] [ Complete ]Où les histoires vivent. Découvrez maintenant