PaPaBoy |18|

1.8K 272 47
                                    

"ပါပါးရေ ..."

"ပါပါးလို့ ..."

"မရဘူး ..."

"ပါပါးကလည်း ..."

အိညှက်ညှက်အသံကလေးဖြင့် ... ဆိုဖာရှည်ပေါ် လိမ်ကောက်ထိုင်နေကာဖြင့် အသံပြုနေသော သားပေါက်စ ...

baekhyun သည်ကတော့ ... အလုပ်မှဖိုင်တွဲများဆီထည့်နေရင်း ... ချွဲနေသော သားပေါက်စကိုလည်း တစ်ခွန်းမေးတစ်ခွန်းပြောနေရသည် ...

"ပါပါးလို့ ..."

baekhyun လျော့လို့မရတော့မှန်းသိတော့ ... အသံမာမာဖြင့်ပင် ...

"မရဘူး Nini !!! ...

ဒီနေ့ပါကျောင်းမသွားရင် တစ်ပတ်ပြည့်တော့မယ် ..."

ဒီလိုပြောလိုက်ရော မျက်နှာကလေးကငယ်သွားကာဖြင့် ... လက်ညိုးကလေးထောင်လာကာဖြင့် ...

"ဟီး ... ပါပါး ကလည်း တစ်ပတ်ပြည့်သွားအောင် ဒီနေ့တစ်ရက်ကလေး ..."

သားပေါက်စ စကားမဆုံးခင်မှာပင် ...

"သွားပြင် !!! ..."

"ဟွင့် ... ပါပါး ..."

မျက်နှာကိုက ချက်ချင်းဆူပုတ်ပြီး ... နှုတ်ခမ်းကထော်လာတာကတော့ ...

"ပါပါးကလည်း ... Jong ရုံးခန်းထဲမှာငြိမ်ငြိမ်ကလေးထိုင်နေမှာကိုလို့ ..."

"ငြိမ်ငြိမ်ထိုင်ပြီး ဂိမ်းဆော့တာထည့်ပြောဦးလေ ကိုယ်တော်လေး ...

ခုကစာသင်ချိန်မှာ စာသင်ရမှာပဲ ... မရဘူး ကျောင်းသွားရမယ် ..."

"ဟွင့် ... ပါပါး လူဆိုး ..."

တက်လည်းတက်နိုင်တယ် ... အမျိုးစုံကို ဘယ်လိုလူကို ဘယ်လိုချွဲရမလဲ သိသော ... baekhyun ရဲ့ သားလို့ကိုပြောစရာမလိုအောင်ကို ... မျက်နှာကမျိုးစုံလုပ်တတ်ပါဘိ ... သားပေါက်စရယ် ...

Baekhyun ခပ်တည်တည်ကြည့်လိုက်ရော ... ဘောက်ဆက်ဘောက်ဆက်ဖြင့် ... အပေါ်ထပ်ကအခန်းဆီသွားနေတာမြန်း ... နောက်ကကိုပြေးရိုက်ချင်စိတ်ကတော့ ...

ကိုယ့်သားပေါက်စမို့ Baekhyun မလုပ်ရက်လို့သာ ...

သားပေါက်စမြင်ကွင်းထဲမှ ပျောက်မှသာ Baekhyun သက်ပြင်းကျမိလိုက်သည် ...

PaPaBOY ||HIATUS||Where stories live. Discover now