PaPaBOY |19| Z+U

1.2K 192 26
                                    

ထို့နောက်တွင်မှ ... တိတ်ဆိတ်ငြိမ်သက်သော ... ကော်ဖီဆိုင်ငယ်လေးအတွင်းတွင် ... မျက်နှာချင်းဆိုင်ထိုင်နေမိကြသော ... Baekhyun နဲ့ Sehun ...

အတော်ကြာသည်အထိ စကားမစမိကြသေးပေ ...

အကြည့်များပြိုင်နေသည်ကတော့ ... ချွင်းချက်မရှိ ...

နောက်မှ Baekhyun သည် နာရီအားတစ်ချက်ကြည့်ရင်း ...

"ပြောစရာရှိရင်လည်း ... မြန်မြန်ပြောသင့်တယ် ... ကောင်လေး ... ကိုယ်အချိန်သိပ်ရနေတဲ့သူ မဟုတ်ဘူး ..."

Sehun ရှေ့ကလူစကားလည်းကြားရော ... တစ်ချက်ရွဲ့ပြုံးပြုံးမိလျက်သား ...

"ကောင်လေး ??? ..."

Sehun ခပ်လှောင်လှောင်တစ်ချက်ပြုံးလိုက်ရင်း ...

"ဟက် ...

အဲ့ဆို အရင်ဆုံး ကိုယ်တိုင်မိတ်ဆက်ရတော့မှာပေါ့ ... မသိချင်ယောင်ဆောင်နေတော့လည်း ..."

Sehun လည်း သူကကိုယ့်ပြန်ချေနေတော့ ... ကိုယ့် type ကလည်း အရင်ကတည်းက အဲ့ပုံစံဆိုတော့ ... လုပ်ယူစရာကိုမလိုအောင် ယခုအခြေအနေကဖြစ်နေလေသည် ...

"Oh Sehun ပါ ..."

Sehun ရဲ့ နှုတ်ဆက်သံအဆုံး ... Baekhyun ဆိုသူကလည်း ... ပြန်ပြုံးလာရင်း ...

"Byun Jongin ... ပါပါး Byun Baekhyun ပါ ..."

Baekhyun ပြောရင်းပင် ... ညာလက်အားဆန့်တန်းထုတ်ပေးကာ ... လက်ဆွဲနှုတ်ဆက်ရန်ပြုတော့ ... ရှေ့ကSehun ဆိုသည့်ကောင်လေးက ... လက်ကိုမထုတ်လာခဲ့ ...

Baekhyun လည်း အနေအထားကိုတန်းသိသူပီပီ ...

"ဟက် ... သားပေါက်စ ပြောတာတော့ ... သူ့သူငယ်ချင်းက ယဉ်ကျေးတဲ့သူတဲ့ ...

ခုတော့ ... ဒီလိုတွေကြောင့် ... မပေါင်းခိုင်းမိတာမှန်တယ်ထင်တယ် ..."

ထို Baekhyun ကြောင့် ခုလေးတင်ပင် Sehun သည် အရင်ဆုံးကိုစကားနဲ့တင်  နှစ်ခါဂိုးသွင်းခံလိုက်ရလေသည် ... စိတ်ထဲမှာ အောင့်သက်သက်ဖြစ်သွားသော်လည်း မျက်နှာကို တည်နေလိုက်ရသည်။

နောက် Baekhyunသည် ကော်ဖီခွက်အား ဇွန်းနဲ့အသာမွှေရင်း ... ယူသောက်လေသည် ... ဘာမှမဖြစ်သလို ...

PaPaBOY ||HIATUS||Where stories live. Discover now