Sehun ကော်ဖီဆိုင်ထဲမှ ထွက်လာပြီး ဆိုင်ကယ်ကို Jongin အိမ်ဆီသို့ ဦးတည်လိုက်သည်။
သူအစက ရည်ရွယ်ထားခဲ့တာက ညိုလုံးရဲ့ အဖေနဲ့တွေ့ပြီး ဟိုတစ်နေ့က ကိစ္စကို တောင်းပန်ဖို့ရယ် ညိုလုံးကို အရမ်းမချုပ်ချယ်ဖို့ ခွင့်တောင်းဖို့ရယ်သာ... ။
အခြေအနေတွေက ဘယ်လိုလုပ်ပြီး ဒီလိုအထိဖြစ်သွားလဲဆိုတာ သူလည်းမပြောတတ်တော့။
သေချာတာက သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုမှပြန်ဖြေရှင်းလို့ မရတော့တဲ့ အခြေအနေတစ်ခု ဖြစ်သွားခဲ့ပြီ ဆိုတာပင်။
Sehun Jongin အိမ်ရှေ့ရောက်သည်နှင့် ဆိုင်ကယ်ကို ရပ်လိုက်သည်။ အပြင်မထွက်ရတဲ့ Papaboy က ကျောင်းပိတ်ရက်ကို အိမ်မှာပဲရှိရမည်မှာ မလွဲမသွေပင်... ။
ခြံထဲကို ခြေဖျားထောက်ပြီး ခုန်ကြည့်လိုက်တော့ ဟိုလူကြီးရဲ့ကားကို မတွေ့... ။ အိမ်ပြန်မရောက်သေးဘူး ထင်တယ်...... ။
Sehun အပြုံးတစ်ချက်ဖြင့် ဝက်ဝံပေါက်ဆီကို ဖုန်းခေါ်လိုက်သည်။
ပထမတစ်ကြိမ်... မကိုင်... ။
ထပ်ခေါ်သည်... မကိုင်... ။
သုံးခါမြောက်တွင်တော့ Sehun message ပို့လိုက်သည်... ။
-- ခြံအပြင်ကို ထွက်လာမှာလား... ငါကျော်တက်ခဲ့ရမှာလား... ညိုလုံး...
Sehun ဖုန်းကို ဘောင်းဘီအိတ်ထဲ ပြန်ထည့်ပြီး ဆိုင်ကယ်ကို မှီရပ်ရင်း တစ်နှစ်သုံးလေးရေရင်း စောင့်နေမိသည်။
... ... ...
... ... ...
ရှစ်... ... ...
ကိုး... ... ...
တစ်ဆယ်... ... ...
ကျွီကနဲ မြည်သံနှင့်အတူ ခြံတံခါးပွင့်လာသည်။
သူ့အဖေရဲ့ အဝတ်အစားတွေကိုယူဝတ်ထားပုံရတဲ့ ညိုလုံးက တီရှပ်အပွ ဘောင်းဘီတိုလေးနှင့်... ။
အညိုရောင် ဝက်ဝံရုပ်လေးပါသည့် မွှေးပွကွင်းထိုးဖိနပ်အညိုရောင်လေးကို စီးထားသေးသည်။
" လူဆိုးကောင် အိမ်အထိ ဘာလာလုပ်တာလဲ... ပြောတော့ ငါနဲ့မတွေ့ချင်ဘူးဆို... ငါက မင်းနဲ့ သူငယ်ချင်းလုပ်ဖို့တောင် မတန်ဘူးဆို... အခုကျတော့ ဘာလို့ ဒီအထိလာ... "
YOU ARE READING
PaPaBOY ||HIATUS||
Fanfictionပါပါးနဲ့သူ ... နှစ်ယောက်ကြားက ကျွန်တော် ... collaboration with Author @MiChocoTNS88 We will try our best. Start from 19/10/2018 [ Fri ] covered by byunasunapark00 Thanks Asuna😘