Unicode
Seoul တက္ကသိုလ် အဏုဇီ၀ဗေဒဌာန
"ဆောင်းဟွန်"
အနောက်ကနေအမှီလိုက်လာသောေြခသံတစ်ခုနဲ့အတူ အနားရောက်လာတ့ဲ ခေါ်သံတစ်ခု။လှည့်ြကည့်လိုက်တော့ final year EC မလေး။ ထပ်ပီးတိတိကျကျဆိုရင် တစ်ချိန်က တစ်ချိန်က ငယ်သူငယ်ချင်းမလေး။
"ဒီနှစ် ပထမနှစ်လေးတွေရဲ့ welcome ကိုလည်း နင်မလာြပန်ဘူးနော်....။
ငါသေချာေြပာထားတယ် မှတ်လား။
ငါတို့ကနောက်ဆုံးနှစ်မို့လို့ Major Kingတစ်ယောက်အနေနဲ့ ဒီနှစ် နင်လာကိုလာသင့်ပါတယ်ဆိုတာလေ"လူသွားလမ်း ကော်ရစ်တာမှာပဲ ရပ်ရင်း သူမအနေနဲ့ အပြစ်တင်ချင်တ့ဲအေြကာင်းကို မသိမသာလေေြပနဲ့ေြပာတယ်။
"ငါ ဒီလိုပွဲတွေမလာတတ်ဘူး"
ေဆာင်းဟွန်သူမကို ခပ်အေးအေးပဲပြန်ပြောတ့ဲအခါ သူမမျက်လုံးတွေက သနားသလိုအကြည့်မျိုး အားမရသလိုအကြည့်မျိုးတွေ
ရောက်ရှိလာခ့ဲတယ်။"မလာတတ်တာမဟုတ်ဘူး နင်တမင်မလာတော့တာ။ ဆောင်းဟွန် နှစ်တွေလည်းြကာနေပြီလေ"
"ငါသွားတော့မယ် ဆွန်ယောင်း"
လှည့်ထွက်လာခ့ဲတ့ဲ ေကျာင်ပြင်အထိ သူမရဲ့သက်ပြင်းသံတွေကပ်ပါလာခ့ဲတယ်။
သူမကျန်ခ့ဲတ့ဲ Major ကော်ရစ်တာနဲ့ ခပ်ေ၀းေ၀းထိရောက်အောင် လျှောက်ပြီး
ထိုင်နေကျ သစ်ပင်အောက်မှာ
ထိုင်ရင်း နေ့လည်ပိုင်းစာသင်ချိန် စောင့်ရမယ့်အတူတူ ဟိုးအေ၀းမှာပျော်ရွှင်ပြီး လမ်းလျှောက်နေကြတ့ဲ ကျောင်းသားအုပ်စုတွေကို ငေးကြည့်နေမိတယ်။"Hyung ဒီမှာခနထိုင်မယ်နော်"
ကြည်ကြည်လင်လင်အသံနဲ့တူ ရေမွှေးနံ့သင်းသင်းေလးနဲ့ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက် ဆောင်းဟွန်ဘေးကို ရောက်လာခ့ဲတယ်။မချိုမချဥ်မျက်နှာနဲ့ ဦးထုတ်အနက်နောက်ပြန်ဆောင်းထားတ့ဲကောင်လေးဟာ
ဒီလောက်နေရာအကျယ်ကြီးရှိရဲ့သားနဲ့
ဆောင်းဟွန် အနားကိုလိုအပ်တာထက်ပိုတိုးကပ်လာနေသေးတယ်။
YOU ARE READING
My 10months'LOVE(Completed)
FanfictionHyungဟာ ဂျယ်ယွန်းလိုချင်မက်မောမိသော လမ်းပျောက်နေတ့ဲ အထီးကျန်ကြယ်လေးပါပဲ။ Enhypen fanfiction ---------------------------------------------------------- Hyungဟာ ဂျယ်ယွန်းလိုချင်မက်မောမိသော လမ်းပျောက်နေတဲ့ အထီးကျန်ကြယ်လေးပါပဲ။ Enhypen fanfiction ...