Heartbeat between us 12

1K 108 6
                                    

(Zawgyi)

Heartbeat between us 12

"Kit..နင်​အဆင်​​ပြေ​အောင်​လုပ်​ခဲ့​နော်​..မရလည်းအတင်းသရုပ်​မ​ဆောင်​နဲ့ကြားလား..ပြီး​တော့.."

"Sa..ငါသိပါတယ်​ဆို..နင်​​ပြော​နေတာ သရုပ်​​ဆောင်​တစ်​​ယောက်​​နော်​.."

"ငါသိပါတယ်​ဟာ..ဒါ​ပေမဲ့ဆရာက..နင့်​ကိုအမြင်​မှမကြည်​တာ.."

"ခုကအလုပ်​လုပ်​ဖို့သွားမှာ​လေ..ပြီး​တော့ဆရာက ငါ့ကိုအခွင့်​​ရေးထပ်​​ပေးတာကို ငါအ​ကောင်းဆုံးကြိုးစားရမှာ​ပေါ့.."

"​အေးပါ..ဒါနဲ့ နင်​လူ​ရွေးပွဲပြီးရင်​ပြန်​လာမှာလား.."

"ဟင့်​အင်း..P'singtoနဲ့​တွေ့အုန်းမှာ.."

"အင်းပါ..ကြိုးစား​နော်​..ငါနင့်​ဘက်​မှာအမြဲတမ်းရှိမယ်​.."

"အင်း..ငါသွားပြီ​နော်​..Sa..."

Krist...Saကိုနှုတ်​ဆက်​ပြီးတာနှင့်​ကား​မောင်းထွက်​ခဲ့လိုက်​သည်​..သူစိတ်​လှုပ်​ရှား​နေတာ​ကြောင့်​ ​လေပြင်း​တွေကိုခဏခဏမှုတ်​ထုတ်​လိုက်​သည်​..

ဆရာက သူ့ကိုအခွင့်​​ရေးထပ်​​ပေးသည့်​အ​နေနှင့်​ လူ​ရွေးပွဲကိုလာ​ဖြေခိုင်းတာ​ကြောင့်​ သူပိုပြီးစိတ်​လှုပ်​ရှားမိသည်​..

"ဟူး..Krist..စိတ်​ထိန်း..စိတ်​ထိန်း.."

~
~
~
~
~

"ဟာ..kristက လူ​ရွေးပွဲလာတာလား.."

"Kristက မင်းသားမဟုတ်​ဘူးလား..ဘာလို့အရံအ​နေနဲ့ လာပြီး​ဖြေရတာလဲ.."

"Kristလာ​ဖြေရင်​ ငါတို့က ဘယ်​လိုလုပ်​မလဲ.."

Kristသူ့ကိုကြည့်​ကာ တီးတိုး​ပြော​နေကြသည့်​ ​ကောင်​​လေးတစ်​ချို့ကိုမသိချင်​​ယောင်​​ဆောင်​လိုက်​ကာ ခုံတစ်​ခုံမှာဝင်​ထိုင်​ပြီး ဇာတ်​ညွှန်းကို​လေ့ကျင့်​​နေသည်​..

သူသရုပ်​​ဆောင်​ရမည်​က ဒုတိယမင်းသား​နေရာဖြစ်​တာ​ကြောင့်​ သရုပ်​​ဆောင်​ကွက်​ကသိပ်​မရှိ..ဒါ​ပေမဲ့လည်း ဒါရိုက်​တာက ဆရာကိုယ်​တိုင်​ဖြစ်​​နေတာ​ကြောင့်​ သူ ဒီဒုတိယမင်းသား​နေရာကိုရ​အောင်​လုပ်​ရမည်​..

Heartbeat Between Us(Z/U)Where stories live. Discover now