Heartbeat between us 15

971 100 0
                                    


(Zawgyi)

Heartbeat between us 15

ကျ​တော့်​ရဲ့ ​အထီးကျန်​လွန်းလှတဲ့နေ့စဉ်​ဘဝမှာ
အမြဲတမ်းတစ်​​ယောက်​တည်းပဲဖြတ်​သန်းခဲ့ရတယ်
လူ​တွေနားမလည်​နိုင်​တဲ့​ပြောင်းလဲမှု​ကြောင့်
ကျ​တော်​ဟာ အမြဲတမ်းတစ်​​ယောက်​တည်း ​ပြောင်းလဲမှုဒဏ်​ကိုခံစားခဲ့ရတယ်​..သူငယ်​ချင်း​တွေကလွဲ
ပြီးကျ​တော့်​အ​ပေါ်ဘယ်​သူမှနားမလည်​​ပေးနိုင်​ကြဘူး..

ဒီလိုတစ်​​ယောက်​တည်း အ​ဖော်​မဲ့ ဖြတ်​သန်း
နေတဲ့ ဘဝထဲကိုသူကရုတ်​တရပ်​​ရောက်​လာခဲ့
တယ်​..

ကျ​တော့်​​ပြောင်းလဲမှုကို ပထမဆုံးသိခဲ့တဲ့သူ
ကျ​တော့်​ရဲ့ အားနည်းချက်​ကိုပထမဆုံးရှာ​တွေ့
ခဲ့တဲ့သူ ပထမဆုံး ကျ​တော်​ကိုနားလည်​​ပေးတဲ့သူ
ပြီး​တော့ ကျ​တော့်​လက်​ကို ပထမဆုံး ဆုပ်​ကိုင်
ပေးခဲ့သူ P'singto..

ကျ​တော်​ရဲ့​ပြောင်းလဲမှုစတင်​တဲ့ မိန်းက​လေးအဖြစ်
မှာ​ဘေးနားမှာရှိ​နေ​ပေးတယ်​..

ကျ​တော်​တို့အတူတူမနက်​ခင်းကိုစတင်​ကြတယ်​..
မနက်​စာအတူစားကြတယ်​..

သူအလုပ်​သွားရင်​ ကျ​တော်​ လက်​ပြနှုတ်​ဆက်​ပြီး ကျန်​ခဲ့တယ်​..

ကျ​တော်​သူ့အတွက်​မနက်​စာညစာချက်​​ကျွေးတယ်
ပြီး​တော့ အတူတူTVကြည့်​ကြတယ်​..ရယ်​ကြတယ်
ဘာမှမဖြစ်​သလိုနဲ့ ​နေ့သစ်​ကိုအတူပြန်​ပြီးစတင်​ကြ
တယ်​..

ဒီလိုနဲ့ ကျ​တော်​တို့ ​နေ့ရက်​တစ်​ချို့ကိုအတူတူဖြတ်
သန်းကြတယ်​..ကျ​တော်​ kristအဖြစ်​ပြန်​ပြီး​ပြောင်းလဲသွားတဲ့အချိန်​တစ်​ခုအထိ​ပေါ့..

ကျ​တော့်​အားနည်းချက်​ကို နားလည်​​ပေးခဲ့တဲ့P'sing ဒီလူဟာ တစ်​​ဖြေး​ဖြေးနဲ့ကျ​တော့်​ဘဝထဲကိုဝင်​​ရောက်​လာခဲ့တယ်​..ဒါဟာ ကံတရား​ကြောင့်​လား..

တကယ်​လို့ ဒါဟာ ကံတရားတစ်​ခုဆိုရင်​ ကျ​တော်
ကိုယ်​တိုင်​လည်း ဒီကံတရားကို ဆုတ်​ကိုင်​ထားချင်
ပါရဲ့ ...

~
~
~
~
~

"Kit..နင်​ ​ပြောင်းလဲပြီး​နောက်​ပိုင်း ပိုပြီးကြည့်
ကောင်းလာသလိုပဲ​နော်​..ပိုပြီးလည်းတတ်​ကြွလာသလိုဘဲ.."

Heartbeat Between Us(Z/U)Where stories live. Discover now