Heartbeat between us 24

712 74 1
                                    

Heartbeat between us 24

(Zawgyi)

လမ်းမထက်သွားလာနေကြသည့် လူများ..
အတွေးပေါင်းစုံဖြင့် ကားလမ်းမ ပလပ်ဖောင်းထက် ရပ်နေသည့်အဖိုးအို..ဝေ့ဝိုက်နေကြသည့် မျက်ဝန်းထက်မျက်ရည်တစ်ချို့..။

သူ့ရှေ့တည့်တည့်မှာတော့ သူရဲ့ ဘ၀လို့တောင်ပြောလို့ရနေသည့် လူတစ်ယောက်..သူက ကိုယ့်ကိုမတွေ့သလို တွေ့ရင်လည်းမမှတ်မိနိုင်သည့်သူ..။

ချစ်သူတွေတဲ့..ရှေ့တည့်တည့်မြင်နေရတာတောင် မသိနိုင်သည့်အခြေအနေ..ကံကိုပဲအပြစ်တင်ရတော့မလား..။

လူကူးမီးလေးကစိမ်းသွားကာ လမ်းကူးလို့ရပြီဟု သတိပေးလိုက်တာကြောင့် သူ ခပ်ဖြေးဖြေးပဲလမ်းကူးလိုက်သည်..ရှေ့တည့်တည့်ကလူရဲ့ပူပင်ခြင်းတွေကိုကြည့်ပြီး ရင်နင့်နင့်နဲ့သာထိုလူကိုသာကြည့်နေမိသည်.. ပုံမှန်လူတစ်ယောက်ဆိုရင် သူ့ကိုမမှတ်မိရကောင်းလားဆိုပြီး စိတ်ကောက်ချင်ပေမဲ့ သူက ပုံမှန် အခြေအနေမှမဟုတ်ခဲ့တာ..။

တစ်ဖြေးဖြေးနီးကပ်လာသည့် မျက်နှာကိုမြင်လေသူပိုပြီးဝမ်းနည်းလာလေ..သူ ဒီမျက်နှာကိုဘယ်လောက်လွမ်းနေခဲ့ရလဲ..သူ့ရင်ခွင်ထဲဝင်ပြီး သူဘယ်လောက်ဝမ်းနည်းနေကြောင်းပြောချင်လိုက်တာ..ဝေ့တတ်လာသည့် မျက်ရည်စတွေကိုသုတ်ရင်း သူ့အတွက် ပူဆွေးသောကရောက်နေသည့် ထိုမျက်နှာကိုသာငေးမောနေရင်းလျှောက်လာလိုက်သည်.. စိမ်းသက်လွန်းသည့် ခံစားချက်ကို သူမုန်းသည်...။

လမ်းတစ်ဖက်ကိုရောက်သည့်တိုင် သူP'singကိုသာငေးမောနေရင်း.လေးလံသည့်လက်တွေက အိပ်ကပ်ထဲရှိဖုန်းကိုထုတ်လိုက်ရင်း သူ တစ်ဖက်က P'singကိုကြည့်လိုက်သည်..သူကြောင့် ပူပင်နေရသည့် P'singကိုအခုထက်ပိုပြီး သောကတွေမပေးရက်တော့...။

"Hello..Kit.."

သူ့ကိုကြည့်ရင်း ခေါ်လိုက်သည့် နာမည်လေးတစ်ခုက ပူလောင်နေသည့်သူ့ရင်ကိုနွေးထွေးသွားစေသည်.. P'sing သူ့ကိုမှတ်မိနေတယ်..ထိုအသိလေးတစ်ခုက သူ့ရင်ကိုအေးချမ်းစေတယ်ဆိုတာ သူအသိဆုံးလေ..။

"ကျတော်ပုံပြောင်းသွားပြီP'Sing..ကျတော်ပုံကစိတ်ပျက်စရာဖြစ်သွားပြီ.."

Heartbeat Between Us(Z/U)Where stories live. Discover now