Heartbeat between us 14

913 91 7
                                    


(Zawgyi)

Heartbeat between us 14

အား..ကျွတ်​..ကျွတ်​..

ထိုးကိုက်​​နေ​သော ​ခေါင်းကိုဖိလိုက်​ရင်း မျက်​လုံးကို အားယူကာဖွင့်​ကြည့်​လိုက်​သည်​..မြင်​​နေရသည့်​ခမ်းနားလွန်းသည့်​ အသွင်​အပြင်​တစ်​ချို့​ကြောင့်​ krist သူ့အိမ်​မဟုတ်​သည်​ကို​တော့သတိထားမိသည်​..

"အာ..ငါ..P'singအိမ်​​ရောက်​​နေတာပဲ.."

ဝိုးတဝါးအမှတ်​ရမိသည့်​ အ​ကြောင်းအရာတစ်​ချို့​ကြောင့်​ သူတစ်​ချို့တစ်​​လေ​တော့သတိရသည်​​လေ..

"အ့.."

ရုတ်​တရပ်​ထထိုင်​လိုက်​တာ​ကြောင့်​ နာကျင်​သွားသည့်​ကိုယ်​ကိုသတိထားမိ​တော့..ဧည့်​ခန်းထက်​အိပ်​​​ပျော်​သွားပုံရသည့်​ အ​နေအထား..ဒါ့အပြင်​ဖြူနုကာအထိမခံသည့်​ သူ့ရဲ့ မိန်​က​လေးကိုယ်​​ကြောင့်​ သူ သက်​ပြင်းချလိုက်​သည်​..

"တစ်​ပတ်​..တစ်​ပတ်​ပဲ ဒီပုံစံရှိ​နေမှာပါ.."

ကိုယ့်​ကိုကိုယ်​အား​ပေးလိုက်​ကာပင်​ သက်​ပြင်းထပ်​ချလိုက်​သည်​..တကယ်​ပါ..သူ ဒီလိုအ​ခြေအ​နေမျိုးကိုဘယ်​​လောက်​ပဲကြုံခဲ့ကြုံခဲ့ အသစ်​တစ်​ခုလိုအမြဲတမ်းပဲခံစားရသည်​..

"နိုး​နေပြီလား..kit.."

"ဟုတ်​ကဲ့..P'sing.."

ရင်းနှီး​နေသည့်​ ​ခေါ်သံကို သူအမြန်​ပင်​ အ​ဖြေပြန်​​ပေးလိုက်​သည်​..

"P'sing..ကျ​တော်​.."

တစ်​ခုခု​ပြောရန်​ပြင်​လိုက်​ပြီး..P'singကိုလှည့်​ကြည့်​မိ​တော့ ​တွေ့လိုက်​ရသည့်​ ပုံစံ​ကြောင့်​ သူ ချက်​ခြင်းမျက်​နှာလွှဲလိုက်​သည်​..

သူကိုယ်​တိုင်​လည်း ​ယောက်ျား တစ်​​ယောက်​ဖြစ်​​နေပါရက်​နဲ့ ဘာ​ကြောင့်​ P'singရဲ့ body ကို မကြည့်​ရဲသလို မျက်​နှာလွှဲလိုက်​လဲသူမသိ..

"ဘာလဲ..​ပြော​လေ..kit.."

"ဘာ..ဘာလို့​စော​စောစီးစီး..​ရေ..​ရေချိုး​နေရတာလဲ.."

"​စော​စောစီးစီးပဲ ချိုးရမှာ​ပေါ့..ကိုယ်​အလုပ်​သွားရမှာ​လေ.."

Heartbeat Between Us(Z/U)Where stories live. Discover now