Heartbeat between us 17

940 105 8
                                    

(Zawgyi)

Heartbeat between us 17

"ကျ​တော့်​ကိုလိုက်​ပို့တာ​ကျေးဇူးတင်​ပါတယ်​..."

ခုချိန်​မှာ​တော့ ​ဘေးမှာရှိ​နေတဲ့လူကို ထိုစကားတစ်​ခွန်းသာ​ပြောပြီး ကား​ပေါ်ကဆင်းရန်​ သူပြင်​လိုက်​သည်​..

"ကိုယ့်​ကိုစိတ်​ဆိုး​နေတာလားkit..ကိုယ်​ဒီ​နေ့ interviewမှာ မ​ပြောခဲ့လို့..."

ဟုတ်​သည်​..သူစိတ်​ဆိုးမိသည်​.. interviewer အမရဲ့​မေးခွန်းက ချစ်​သူဖြစ်​ပြီး ဘယ်​အချိန်​မှာ နမ်းခဲ့ကြတာလဲတဲ့..ဒါကို ပြုံးပြုံး​လေးနဲ့ ပယ်​ခိုင်းလိုက်​တဲ့ P'singပုံရိပ်​က​ခေါင်းထဲကမထွက်​..တကယ်​ဆိုတစ်​ခုခုဖြစ်​ဖြစ်​​ပြောလိုက်​သင့်​တယ်​မဟုတ်​လား..

"ကိုယ်​မ​ပြောခဲ့တာ kitစိတ်​အ​နှောက်​ယှက်​ဖြစ်​မှာစိုးလို့..ပြီး​တော့..ပြီး​တော့..ကိုယ်​တို့က..တကယ့်​.."

"အင်း​လေကျ​တော်​တို့ကတကယ့်​ အတွဲမှမဟုတ်​တာ..ကျ​တော်​ပင်​ပန်း​နေပြီ..ပြီး​တော့..ကျ​တော့်​ကိုkristလို့​ခေါ်​ပေးပါ..လူအများနဲ့ ရှိ​နေချိန်​ဆိုရင်​​တော့ ကြိုက်​သလို​ခေါ်​ပေါ့.."

"ဟင့်​အင်းkit..ကိုယ်​kitလို့ပဲ​ခေါ်မယ်​..ဒါဟာ ကိုယ်​တိုင်​​ခေါ်ချင်​တဲ့ နာမ်​စားဖြစ်​လို့.."

"ကျတော်​သွား​တော့မယ်​..ဒါနဲ့ကျ​တော်​တို့ ဘယ်​အချိန်​ထိ ဒီလိုဆက်​လုပ်​​နေရမှာလဲ.."

"ဒါမျိုးကိုလား.."

"မဟုတ်​ဘူး..အလုပ်​ကို..ဖြစ်​နိုင်​ရင်​ကျ​တော်​မြန်​မြန်​ပြီးချင်​ပြီ ...စာချုပ်​မြန်​မြန်​ပြည့်​သွားရင်​​ကောင်းမယ်​..ကျ​တော်​သွားပြီ P'singto.."

သူစိတ်​ပန်းမှု​တွေကိုလွှတ်​ချချင်​​နေပြီ..အခု သူတို့နှစ်​​ယောက်​ကမိတ်​​ဆွေလည်းမဟုတ်​..တွဲ​နေတာကြတာလည်းမဟုတ်​..ဒီအချိန်​အ​နေကိုသူဘယ်​လိုနာမည်​တပ်​ရပါ့မလဲ..

သူတကယ်​ပဲကိုယ့်​အ​ပေါ်ဘာမှမခံစားရတာလား..ကိုယ်​ကပဲ သူ့ကို စွဲလမ်းမိလွန်းသွားတာလား..သူတကယ်​မသိ​တော့ပါ..

ကျ​တော်​သွားပြီဆိုပြီးသူ့ကိုမကြည့်​​တော့ဘဲ..ထွက်​သွားသည့်​ kitကိုကြည့်​ပြီး သူတားချင်​သည်​..ဒါ​ပေမဲ့..သူမလုပ်​ခဲ့..အခုချိန်​မှာ သူတစ်​ခုခု​ပြောရန်​လိုအပ်​​နေပြီဖြစ်​​ပေမဲ့လည်း ဘာလို့တွန့်​ဆုတ်​​နေခဲ့လဲမသိ..အထီးကျန်​လွန်းတယ်​လို့ထင်​ရ​လောက်​တဲ့​ကျောပြင်​​လေးက​တော့ တစ်​​ရွေ့​ရွေ့နဲ့...

Heartbeat Between Us(Z/U)Where stories live. Discover now