Sing
ကျနော် ဒေါသထွက်ကာ သူ့ကို ရိုက်နှက်ပြီး ကားမောင်းထွက်လာခဲ့သည်။ ကားမောင်းနေရင်း ကားမုန်ရှေ့ကျလာတဲ့ မိုးရည်စက်များ ကားကိုရပ်လိုက်ပြီး ကျနော် မိုးရည်တွေကို ဒေါသံတွေဖြင့်ကြည့်နေမိသည်။
တဖြည်းဖြည်းကျနော့် ဒေါသများ မိုးရည်စက်နဲ့ အတူပါကာ တည်ငြိမ်စပြုလာခဲ့တော့ ကျနော် ဘာတွေလုပ်မိမုန်း စဉ်းစားမရတော့ပါ။
ကျနော်ရုပ်ဆိုးကို ဘာတွေလုပ်မိပြန်တာလဲ ကျနော် ရှက်တယ် လူတွေအဲလိုပြောတာကို ကျနော်ကအမြဲအကောင်းပဲ အပြောခံချင်တာလေ။ ကျနော့်ကို ဘယ်သူမှ လာမကျော်နဲ့ ကျနော်လုးံဝကို မခံနိုင်ဘူး။
ဒါပေမယ့် အပြစ်မရှိတဲ့ လူကို ကျနော်ဒေါသတွေဖြေမိတာပဲ။ သူကကျနော့်ကို ချစ်လို့ မဖြစ်နိုင်ဘူး ကျနော်မချစ်ဘူး ကျနော်သူကိုမချစ်ဘူး။ ပြီးတော့ ကျနော်တို့က ယောက်ကျားတွေလေ လုးံဝ ကိုမဖြစ်နိုင်တာ ။ ဒီကောင်စိတ်ရူးပေါက်လို့ လျှောက်ပြောနေတာပဲနေမှာ။
ကျနော်ကားကို အိမ်သို့ ပြန်မောင်းလာခဲ့လိုက်သည်။ အိမ်ပေါ်ထပ်ကို တက်မယ်လုပ်တော့
"သားလေး ဟိုကောင်ကော … …
"မသိဘူးဗျာ မသိဘူး သူအကြောင်း သားကိုလာမမေးနဲ့ … …
"ဟဲ့ ဟဲ့ ကလေး အော်ခက်တာပဲကွယ် … …
Singအမကေတော့ သားဖြစ်သူ kitနဲ့ ဘာဖြစ်လာမုန်းမသိ။ သားဖြစ်သူ ပုံစံက သေချာတာ တစ်ခုခု့ဖစ်လာပြီ ဆိုတာသူမသိနေသည်။ ဘေးက ဘာမှမပြောရဲ့ ဘဲ ရပ်နေတဲ့ ဒေါ်ကြီးမူကတော့ စိတ်တွေပူကာ အိမ်ရှေ့က ခြု့တံခါးလေးကို ငေးကြည့်နေမိသည်။
သားကောင်လေးရေ မင်းနဲ့ သခင်လေးဘာတွေဖြစ်ခဲ့ ကျတာလည်းကွယ် ဒေါ်ကြီးစိတ်ပူနေပြီ ဘုရားဘုရား တပည့်တော်မ သားတစ်ယောက်ချစ်ခင်မိတဲ့ သားငယ်လေး ဘာမှမဖြစ်ပါစေနဲ့ ဘုရား
Sing
ကုတင်ပေါ်မှာ အိပ်နေတဲ့ အသံတွေ တိုးတိုးကြားလို့ မျက်လုးံများဖွင့်လိုက်တော့ ကျနော်ထိပ်လန့်သွားမိသည်။ ကျနော်အိပ်ခန်းတစ်ခန်းလုးံ အမှောင်ကျနေသည်။