ဟန်ဆောင်အမုန်း
ဇာတ်သိမ်းပိုင်း
၎နှစ်ကြာသော်အခါ (ဟဲဟဲ ကြာသော အခါတွေက သိပ်များသွားလား မြန်မာတို့ထုးံစံတိုင်းပါကွယ်)
Krist
ပြတင်းပေါက်နေ ကြည်လင်နေသော ကောင်ကင်ကြီးကို ငေးနေမိသည်။ လှပမူတွေနဲ့အတူ အရာအားလုးံဟာ
သူနေရာ သူရှိနေပြီလေ။နောက်ကသိုက်းဖက်လာသော လက်တစ်စုံကြောင့် အပေါ်ကနေ ထိုလက်လေးကို ပြန်အုတ်ကိုင်ထားမိသည်။ လည်တိုင်ကို နမ်းလိုက်တာမို့တွန့်သွားမိသည်။
နားနားလေးကို တိုးကပ်ကပ်ကာပြောလိုက်သော သူစကားသံလေးက
"အရမ်းချစ်တယ် ချစ်သူလေး … …
ကျနောါတစ်ချက်ပြုံးလိုက်သည်။ နံရံပေါ်က ဖတ်လျက် မင်္ဂလာသတို့သားတို့ ပုံလေးမှလည်း ထိုနည်းတူ ပြုံးနေတော့သည်။
ကျနော်နဲ့ သူလက်ထက်လိုက်တာ ၄နှစ်ရှိခဲ့ပြီလေ ကျနော်လည်းကို ဝါသနာပါရာ အလုပ်လေးတွေကို လုပ်ရင်း သူလည်း သူ့ဖေဖေရဲ့အလုပ်ကိုအကောင်းဆုးံဦးစီးနိုင်ခဲ့ပြီဖြစ်သည်။
ကျနော်တို့ မင်္ဂလာအိမ်လေးက နှစ်ယောက်ထဲတော့မဟုတ် အသဲတစ်ခြမ်းလေးကြောင့် ဆူညံမူတွေ ပျော်ရွှင်မူတွေနဲ့ ပြည့်နေသည်။
ဒီချိန်ဆို သူလေးအိပ်နိုးနေလောက်ပြီ။ အောက်ထပ်မှာတော့ သူကြောင့်ဆူညံနေပြီဆိုတာ သိနင့်နေသည်။
ဟော့ အပေါ်ကိုတပ်တဲ့ လှေကားက ခြေသံစကြားရပါပြီ ။
"ဟာကွာ ဒီကောင် သူများတွေကောင်းနေပြီဆို အလိုက်ကန်းဆိုးမသိဘူး … …
Singရဲ့အပြောကို ကျနော်ရယ်မိသည်။ Singကတော့ ဆူပုတ်လျက် Singကိုဖယ်ကာ တံခါးခေါက်သံမကြားခင် အရင်ဖွင့်ပေးလိုက်တော့။ သံအသံလေးစပေါ်လာသည်။
"ဟီးးးအီးးးး ပါးးး ပါးးးး သားကိုကျောင်းလိုက်ပို့နော် ပါးးးအီးးဟီးးး … …
ငိုနေတဲ့ ပုတတ်တတ် မူကြိုကျောင်းသားကြီးကိုဆွဲချီလိုက်ကာ ပါးပြင်နှနှကမျက်ရည်တွေကို သုတ်ပေးလိုက်သည်။