Sing
စိတ်ပူလို့ မပြန်ခင်အထိ သူလေးကိုအရိပ်တကြည့်ကြည့် ကြည့်နေမိသည်။ တော်သေးတယ်။သူဘာမှ မဖြစ်ပဲ ပုံမုန်အတိုင်း သွားလာနေမှ စိတ်သက်သာရာ ရတော့သည်။
သူငယ်ချင်းတွေက ကျနော့်စိတ်ဆိုးနေကျသည်။ ကလပ်လည်းမသွားဖြစ်တော့ သူတို့နဲ့ အဆက်အသွယ်ပျက်နေတယ်လေ။ ဒီကြားထဲ ဟိုကောင် Minအဆိုးဆုးံ ရုပ်ရင့်ကြီးနဲ့ စိတ်ပါကောက်ပြနေတာ။
အခင်ဆုးံသူငယ်ချင်းမို့ အိမ်မပြန်ခင် သူနဲ့ဝင်တွေ့လိုက်သည်။ ကော်ဖီဆိုင်ထောင့်မှာ သူကိုသူ မင်းသားတစ်ယောကါလို ဆိုဒ် အပြည့်နဲ့ထိုင်နေတဲ့ ကိုယ်တော်ချော။ သူ့ကြည့်ပြီး ရယ်ချင်ပေမယ့်အောင့်ထားလိုက်ရသည်။
သူအနားရောက်မှ နေကာမျက်မုန်ကြီးချွတ်ပြီး လူကိုမျက်စောင်းတွေ ထိုးပြနေတာ။ မျက်နာကို လက်သီးပြစ်လိုက်ရင်တော့ ဟွန့်။
ကျနော်သူနဲ့ မျက်နာချင်းဆိုင် ထိုင်လိုက်ပြီး
"ဟျောင့်မင်းကလည်းကွာ ငါမအားတဲ့ ကြားကမင်းနဲ့ လာတွေ့တာကို ငါ့စကားမပြောဘူးလား … …
"မင်းကကော ငါ့မေ့နေတယ်မလား … …
"ဟာကွာ Min ဟျောင့် မေ့စရာလားကွ ကိုယ့် သူငယ်ချင်းအရင်းကြီးကို … …
"ပြီးရော ဒါနဲ့ခုတလောဘယ်တွေပျောက်နေတာလည်း အချစ်သစ်ရနေပြီလား လင်းစမ်းပါအုးံကွာ …အ အ … …
စပ်စုတဲ့ သူ့ခေါင်းကို ခေါက်ပလိုက်ပြီး
"အချစ်သစ်တော့မဟုတ်ဘူး ချစ်နေမိမုန်းမသိလိုက်တဲ့ ရေဆွဲပြီးသား အချစ်ပန်းချီကားလေးကွ … …
"အယ့်လဲ ဆိုစမ်းပါအုးံ … …
"မင်း Kristကိုသိလား … …
" … … …
သူစဉ်းသလိုလုပ်နေပြီမှ သတိရသွားဟန်
"သိတာပေါ့ကွာ ရုပ်ဆိုးလေးမလား အား နာတယ်ဟ … …
ဟုတ်တယ်လေ သူများအသဲလေးကိုများ ရုပ်ဆိုးလေး ဘာလေးနဲ့ စိတ်ပေါက်ပေါက်နဲ့ ခေါက်ထလိုက်တယ်။
"သူကိုပြန်တွေ့ပြီ သူကအခုရုပ်မဆိုးတော့ဘူး ရုပ်ဆိုးလည်းဘာမှမဖြစ်ဘူး … …