Krist
ကျနော် မျက်ခွံများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့ ဝေဝါးစွာ မြင်နေရတဲ့ မြင်ကွင်း တဖြည်းဖြည်း အဖြူမျက်နာကျပ် ပေါ်လာခဲ့သည်။
ငါဘယ်ရောက်နေတာလဲ
ကျနော်ဘေးဘက်တွေ ခေါင်းလှည့်လိုက်တော့ ယူဘက်မှာ ကုတင်ပေါ်လက်တင်ကာ လှဲအိပ်နေတဲ့ လူတစ်ယောက်
သူဘယ်သူလည်းမသိပါ။ ဘေးကို ကြည့်လိုက်တော့ ခမ်းနားသပ်ရပ်စွာ ပြင်ထားတဲ့ အခန်းလေး ။ အပြာရောင် လိုက်ကာကြီး ကြားကနေ ထိုးထွက်လာတဲ့ နေရောင်ကြောင့် အခန်းက သိပ်မှောင် မီးလည်း ထွန်းထားတာမို့ အရာရာတိုင်းကို ကောင်းစွာမြင်ရသည်။ကျနော် ထိုင်ဖို့ ပြင်လိုက်တဲ့အချိန် အိပ်နေတဲ့ လူက နိုးလာခဲ့သည်။
"ဟာ ညီလေး နိုးပြီလား နေရတာကောင်းရဲ့လား … …
စိုးရိမ်တကြီးနဲ့ ပြောလာတဲ့အဲလူကို ကျနော်ခေါင်းညိမ့်ပြလိုက်သည်။
သူရဲ့မျက်နာထားက လေ့ထောင်ကျကျရှိသည်။ နူတ်ခမ်း ပါးပါးနဲ့ ထင်ရှားတဲ့ နာတံ မျက်ခုးံမွေးထူထူ တွေနဲ့ ခပ်စိမ်းစိမ်းသန်းနေတဲ့ ရိတ်ထားတဲ့ ပသိုင်းမွေးအရာတွေ နဲ့ ချမ်းသားတဲ့ မိသားစုက လူတစ်ယောက်မုန်းသိသာသည်။ ဒါပေမယ့် သူမျက်နာက ထိုင်းလူမျိုးနု့မတူဘူး စကားသံကလည်း ဝဲနေသည်။
ကျနော်လည်း"ခဗျားက ဘယ်သူလဲ ကျနော် ဒီကိုဘယ်လိုရောက်တာလဲ … …
"ညီလေးကို အကိုအိမ်အပြန်လမ်းမှာ လူတစ်ယောက်နဲ့ ပြသာနာဖြစ်နေတာတွေ့လိုက်လို့ အကိုအိမ်ကိုခေါ်လာတာ ငါ့ညီမေ့နေတာ သုးံရက်ရှိပြီ … …
"ဗျာ သုးံရက်တောင် … …
"ညီလေး အိမ်ကဘယ်မှာလည်း အကိုလိုက်ပို့ပေးမယ်လေ မိဘတွေ စိတ်ပူနေမှာပေါ့ … …
ပြန်လိုက်ပို့မယ် မဖြစ်နိုင်ဘူး သူကိုကျနော် ကြောက်တယ် ပြီးတော့ အဲအိမ်ကိုထက်မသွားချင်ဘူး မနေချင်တော့ဘူး
ကျနော်မျက်ရည်များကျလာမိသည်။ ထိုလူကတော့
"ညီလေး ဘာလို့ငိုတာလည်း ဖြစါလို့လည်းနာနေလို့လား … …