ဟန်ဆောင်အမုန်း
အပိုင်း၁၇
Sing
ဒီမနက်လည်း သူနဲ့တွေ့ရမလားလို့ သူအိမ်ဘက်သွားခဲ့ပေမယ့် မတွေ့ခဲ့ပါ။ အလုပ်သို့ပဲ ကားလေးကို မောင်းလာခဲ့သည်။
အလုပ်ရောက်တော့လည်း သူမရှိတဲ့
နေရာလွှတ်လေးကြောင့်  လွမ်းလာမိသည်။ စိတ်လည်းပူလာမိသည်။kit မင်းဘယ်တွေရောက်နေတာလည်း ငါ့ကိုတကယ်ပဲ ထားသွားပြီလားကွာ
ကိုယ့်အခန်းထဲ ကိုပြန်လာပြီး ထိုင်တုးံရှိသေးသည်။"ဒေါက် ဒေါက် ဒေါက် …
"ဝင်ခဲ့ပါ … … …
သူအကိုဝင်လာတာမို့ ကျနော်အားတတ်သွားသည်။ ဟုတ်တယ် သူ့အကြောင်းမေးလို့ ရပြီလေ။ သူအကိုက သူလက်ထဲက အပြာရောင် လေးထောက် စာအိတ်လေးကို ကမ်းပေးတာကြောင့် ကျနော်ယူလိုက်ကာ
"kitကော ဘာဖြစ်လို့ အလုပ်မလာတာလဲ နေမကောင်းသေးဘူးလားဗျ ဖုန်းလည်းပိတ်ထားတယ် … … …
သူက တစ်ချက်ပြုံးပြကာ မျက်ခုးံကိုပင့်လိုက်ပြီး
"သိချင်ရင် အဲစာအိတ်ကို ဖွင့်ကြည့်လေ … …
စာအိတ်လို့ ပြောရအောင်လည်း ပျော့နေတာမျိုးမဟုတ် အထဲက ကုတ်ထူစက္ကူထည့်ထားဟန်။ ဘာလည်းဆိုတာတော့ သူပြောသလို ဖွင့်ကြည့်မှ သိမည်။ တစ်ခုခုဆိုတာ စိတ်ထဲတော့ ထင့်လာခဲ့သည်။
အပြာရောင် စာအိတ်အပါးလေးကို ဖွင့်လိုက်ကာ အထဲက ကုတ်ထူစက္ကူလေးကိုဟထုတ်လိုက်တော့ အဖြူရောင် လေး။ ထိုအဖြူခံလေးပေါ်မှာ ရွှေရောင်စာသားလေးဖြင့်ထိုးထားတာကတော့
မင်္ဂလာဧည့်ခံပွဲ ဖိတ်ကြားလွှာ
Jung Kim Min
&
Krist Perawatမင်္ဂလာနေ့ရက် - 15. 5. 2019
မင်္ဂလာအချိန် -နံနက် (9:00)နာရီ
မင်္ဂလာနေရာ - Jung စံအိမ် /#%*
ရင်ထဲထိတ်ခနနည်းဖြစ်သွာကာ ခေါင်းတွေထူပူတတ်လာသည်။ ရင်ဘက်ထဲက စကားသံများက ပြောဖို့တောင် အားမရှိတော့။
ခေါင်းကိုသာတွင်တွင်ခါရင်း အားတစ်ခုယူကာ
"မဖြစ်နိုင်ဘူး kitက ကျနော့်ကိုချစ်တာလေ ခဗျားကို အကိုလိုပဲချစ်တာ … … …