Chapter 9

422 59 6
                                    

ZAWGYI VERSION

Can 's POV

မနက်မိုးလင်းရောင်ခြည်နှင့်အတူ Can နိုးလာသည်!
ကိုယ့်ကိုယ်ကို ကြည့်လိုက်တော့ စောင်နှင့် လုံးပတ်ခံထားရသည်သာမက အပေါ်ကပါ ကြိုးနဲ့ ထပ်စီးထားခံရလို့!
လှုပ်လို့ရသော်လည်း ထလို့ မရသောကြောင့် ကုတင်ပေါ်က လိမ့်ဆင်းမည်လုပ်တုန်း ကိုကြီးကို ဆိုဖာပေါ်မှာ အိပ်နေသည်ကို မြင်လိုက်ရသည်....
*ဟုတ်သား....* သူဘယ်ရောက်နေမှန်းမသိ.

ကိုကြီးမှာလည်း အတော်ပင်ပန်းထားသည့်ပုံနှင့်အိပ်နေသည် .

Can :  P Tin P Tin!!!

Can အာကုန်ခြစ်အော်လိုက်သောကြောင့် Tin နိုးလာရင်း ကပြာကယာနှင့်.....

Tin : အင် ... ဘာဖြစ်တာလဲ အော် Can နိုးလာပီလား?

Can: ဟုတ် ! ကျွန်တော် ဘယ်ရောက်နေတာလဲ? ဘာလို့ ကျွန်တော့ကို ဒီလိုလုပ်ထားတာလဲ?

Tin: မမှတ်မိတော့ဘူးပေါ့ ?

Tin ထလာပြီး ကြိုးဖြည်ပေးရင်း ခေါင်းလေးပုတ်ကာမေးလိုက်တော့ Can တွင် အဖြေမရှိ .

Can: မသိတော့ ဘူး... အားးးး

ဘာမှ မစဉ်းစားနိုင်သည့် အပြင် ခေါင်းကိုက်နေတာပဲသိသည် .

Tin:  ခုတော့ ခေါင်းကိုက်နေပီမလား . မျက်နှာသစ်ချည်! မနက်စာပြင်ထားမယ်! ပြီးရင် အိမ်ပြန်လိုက်ပို့မယ်.

Tin ပြောပြောဆိုဆိုနှင့် Can ခေါင်းလေးတစ်ချက်ပုတ်ကာထွက်သွားသည်.

Can: ဝါး P ချက်ထားတာကောင်းလိုက်တာ! အ..

Tin မှ အမူးပြေ ဟင်းရည်ချက်ပေးထားသောကြောင့် Can အငမ်းမရသောက်မိသည် . အရသာရှိသော်လည်း

Can: အာ့ နှုတ်ခမ်းကဘာလို့နာနေတာပါလိမ့်.

Tin ဟင်းရည်သီးမတတ်ဖြစ်သွားသည် . မြန်မြန်စား! ကိုယ်အလုပ်သွားရမှာမို့

Can: ဟုတ် P! အားနာလိုက်တာ! ကျွန်တော့ကြောင့်..

Tin: ရပါတယ်! အိမ်ကို မပြောခင် Perth ကိုမေးလိုက်ဦးနော်! သူဘာပြောပေးထားလဲ မသိမှာစိုးလို့!

Can: ဟုတ် P! ကျေးဇူးပါနော် .

Tin: ဒါနဲ့ နောက်တစ်ခါသောက်မယ်ဆို သူများတွေနဲ့ မသောက်ပါနဲ့. သောက်ချင်ရင် ကိုယ်နဲ့ပဲ သောက်ပါ!

Meow Lover (Completed) Where stories live. Discover now