Chapter 8

398 53 4
                                    

ZAWGYI VERSION


Tin 's POV

ပိတ်ရက်တောင် အလုပ်ကြောင့် စိတ်ဖိစီးနေရသော်လည်း ဟိုကလေးဆီက စာမလာ သတင်းမကြားဖြစ်နေသည်က ပိုပင်ပန်းသလို.
သူ Game ဆော့နေသလို ကိုယ်အလုပ်ရှိသည်ပြောမိသည်မို့ မဆက်သွယ်မှန်းသိသော်ငြားလည်း....

Saint ပြောသလို သူက ကိုယ့်အတွက်ဘာပါလိမ့် လို့ အဖြေထုတ်စဉ်းစားရင်း စက်ဘီးလေးနင်းလာလိုက်တယ် . ရပ်မိသွားလို့ ကြည့်လိုက်တော့ ဒီကလေးအိမ်ပဲ..

ကိုယ့်ကိုယ်ကို မသိလိုက်ပဲ ပြုံးမိတုန်း တီရှပ် အစိမ်း , ဘောင်းဘီတိုလေးနဲ့ ခြံတံခါးကနေထွက်လာတဲ့ ကလေး...

"ဟင်.... ကိုကြီး"

အံ့သြနေတဲ့ ကလေးမျက်နှာနဲ့ အတူ မထင်မှတ်ပဲ ခေါ်လိုက်ရတဲ့ နာမ်စားလေး

*ငါများနားကြားမှားတာလား?* တွေးမိတုန်း

Can: အော် P! ဘယ်လိုလုပ်ရောက်လာတာလဲ? အလုပ်များနေတယ်ဆို. ပြီးသွားပြီလား? ညနေစာရော?

အလန့်တကြားမေးခွန်းတွေ ဆက်တိုက်မေးနေတဲ့ မျက်လုံးဝိုင်းလေး...

Tin: တစ်ခုချင်းစီမေးပါ မမောဘူးလား

Can: ဟီး လောသွားလို့ . ဘာလို့ ဒီကိုရောက်လာတာလဲကစမယ် နော်!

Tin: ဒီတိုင်းပဲ ဘာလို့ရောက်လာတာလဲကို မသိဘူး.

Can: ဟင် ?

Perth: Can! P?!

Tin : အော် Perth နဲ့ ချိန်းထားတာလား ?

Perth : ဟုတ်တယ် P မုန့်ထွက်စားမလို့! ဒီကောင် တစ်နေကုန် Game ပဲ ဆော့နေလို့ ခေါ်ထုတ်ထားရတာ.

Tin: အာ့လောက်တောင် Game တွေဆော့နေတာလား?

Can: ဟေ့ကောင် Perth မင်း P' ကိုလျှောက်မပြောနဲ့ .

Perth က လျှာထုတ်ပြရင်း P နောက်သွားပုန်းနေလေသည် .

Tin: ကဲ ၂ ယောက် မုန့်သွားစားမလို့ဆို P ပြန်တော့မယ်.

Can: ပြန်တော့မို့လား ? ညစာစားပြီးပြီလား?

Tin: ရုံးကကျွေးလို့စားခဲ့ပြီ . Can ဘာလုပ်နေလဲ လာကြည့်တာ. Perth ပြောလို့ သိရပြီဆိုတော့ Game လျော့ဆော့နော်! P သွားပြီ.

Meow Lover (Completed) Tempat cerita menjadi hidup. Temukan sekarang