Chapter 16

45 10 0
                                    

UNICODE



Meow Lover 016

Tin' s POV

ကလေးက Perth နဲ့ သွားတွေ့တာကြောင့် နောက်ကျနိုင်ပေသည်။ ကိုယ်ကတော့ အလုပ်စောပြီးတာကြောင့် အိမ်ကို စောပြန်နိုင်ပေသည်။

အစကတော့ သွားကြိုဖို့ စဉ်းစားလိုက်ပေမယ့် တက္ကသိုလ်ကျောင်းသားပေါက်စ ကို စိတ်မချဖြစ်ရင်းက ချုပ်ချယ်သလို ဖြစ်လာမှာ စိုးမိတာကြောင့် အိမ်မှာပဲ စောင့်နေလိုက်တော့သည်။

Can : ကိုကြီး ပြန်ရောက်နေပြီလား?

Tin: ဒီနေ့ အလုပ်စော ပြီးလို့လေ။ သွား မြန်မြန် ရေချိုးလိုက်။ နောက်ကျရင်မကောင်းဘူး။ ကို နွားနို့ ပူပူလေးကြိုထားမယ်။

Can: ဟုတ် ဟုတ်

ကလေးပေါက်က ကျောပိုးအိတ်များ ပစ္စည်းများကို ပစ်ချ၍ ရေချိုးခန်းထဲ ဝင်သွားသောကြောင့် သူ့ပစ္စည်းများကို ကောက်သိမ်းပေးလိုက်ပြီး မီးဖိုချောင်ထဲဝင်ကာ နွားနို့ကျိုလိုက်သည်။

*အင်း ရည်းစားထားရတာလား ကလေးမွေးစားထားရတာလား မသဲကွဲပေ။

Can ရေချိုးပြီး ထွက်လာတော့

Can: ဝိုး အချစ်ခံရတာ တယ်မိုက်တာပဲ။ ကို က အားလုံး အဆင်သင့် လုပ်ပေးတာ။

Tin: ဒီပေါက်စလေးကို ပိုချစ်တော့ ပို ဂရုစိုက်ရမှာပေါ့။ ဒါနဲ့ ကျောင်းမှာ အဆင်ပြေလား။

Can : အင်း အဆင်ပြေတယ် ပျော်စရာကြီး ၊ ဒါနဲ့ P Saint က ကျွန်တော့ကို လက်ဆောင်ပေးတယ်။

Tin: ဟင် ဟုတ်လား။

Can က ဆိုဖာပေါ်ကနေ အိပ်ခန်းထဲပြေးသွားပြီး ပိုက်ဆံအိတ်လေး ပြန်ယူလာကာ ပြပေသည်။

Can : အသားလေးက အိနေတာပဲ။ ပြီးတော့ Perth အတွက်ပါ ပေးတယ်။

Tin: ဒီကောင် ငွေတွေ ပေါနေတာ။

Can : P Saint က  Perth နဲ့ ခင်လို့လား။ ကျွန်တော်တောင်မသိဘူး။ ကိုယ်တိုင်ပေးပါ့လားဆိုတော့ တစ်ဆင့်ပေးလိုက်တဲ့။ ၂ ယောက်ရဲ့ အမူအရာတွေက ထူးဆန်းနေတယ်။ ကို တစ်ခုခု များသိထားတာရှိလား။

Tin: ဟင် ကို အခုမှတောင် ကြားဖူးတာ။ ဟိုတစ်ခါ ကလေးတို့ မူးလာတုန်းက သူပဲ ပြန်လိုက်ပို့ပေးတာ။ ပြီးတော့ Perth ပိုက်ဆံအိတ်ကျန်ခဲ့တုန်းကတောင် ကိုယ့်ကိုပေးခိုင်းသေးတယ်။ အဲ့တာ ကိုယ်မအားလို့ သူ့ကိုပဲ ကိုယ်တိုင်ပေးခိုင်းလိုက်တာ။။ နောက် တော့ ဘာဖြစ်လဲ ကိုလဲ မသိတော့ဘူး။

Meow Lover (Completed) Donde viven las historias. Descúbrelo ahora