Chapter 12

50 12 1
                                    

Unicode Version

Meow Lover  012

Tin's POV

Tin ဖုန်း message မြည်သံကြောင့် ကြည့်လိုက်တော့ Can ဖြစ်နေ၍ ပျော်သွားသည်။ ပိုပျော်စရာက ထိုကလေးက သူ့ ဂျူဂျူလေး (Junior) ဖြစ်လာဦးမှာတဲ့။ ဒီလိုတွေ ပြောပြီ ဆိုတည်းက သူ့ကလေးစာမေးပွဲကို အမှတ်ကောင်းကောင်းနှင့် အောင်မြင်တာ သေချာပေသည်။ ဒါဆို ကလေးကို ဆုချရဦးမှာပေါ့။

Tin တစ်ယောက် မျောက် မီးကျီးခဲထိုင်မိသလို ဖြစ်နေတာကြောင့် Saint ထ ဆဲမိတော့မလိုပင်။

Saint : ဟိတ်ကောင် မင်း ထိုင်လိုက်ထလိုက် ဖုန်းဖွင့်လိုက် ကွန်ပြူတာပြေးကိုင်လိုက်နဲ့ ဘာဖြစ်နေတာလဲ။ Edit တာက ပြီးနေပြီ မင်းက ကဏာမငြိမ်ဘူး။

Tin: ဟိုလေ မင်းသိလား ငါ့ကလေးက စာမေးပွဲအောင်ပြီကွ အဲ့ဒါ ဘာလက်ဆောင်ပေးရမယ်မှန်းကို မသိလို့။

Saint: အော် ငါ့နှယ် အလုပ်ကြီး အကိုင်ကြီး အောက်မေ့လို့။

Tin : မင်းကလဲ ဒါငါ့ရဲ့ ကလေးကို ဆုချမှာလေ။ အရေးကြီးတာပေါ့။

Saint ကတော့ စောင် RS တွေ အမြင်ကပ်တယ် ဆိုတဲ့ အကြည့်နဲ့ မျက်စောင်းခဲလိုက်သည်။

Saint: ပုံမှန်တော့ ဖောင်တိန်တို့၊ တီရှပ်တို့ပေးကြတာမဟုတ်ဘူးလား။

Tin : ဖက်ရှင် ဒါရိုက်တာလုပ်ပြီး မင်း တုံးမယ်မှန်း ငါ မသိခဲ့ဘူး။

Saint: အော် ခွေးကောင်ရဲ့ အကောင်း ပြောတာကို။

Saint Tin ကို လှမ်းရိုက်ရင်းတွေးမိသည်။ ဆေးကျောင်းတက်မည့် Perth ကရော လက်ဆောင်လိုချင်တဲ့ ကလေးမျိုးဖြစ်နေမလား။ သူဆို ပိုစာတော်တော့ ပိုဆုချသင့်တာလေ။

Saint မဆီမဆိုင်တွေးမိသွားသည်ကို သတိထားမိပြီး ခေါင်းရမ်းမိလိုက်သည်။

...............................................

Can's POV

Can တက္ကသိုလ် လျှောက်သည့် ကိစ္စများက ဝင်ခွင့်ရသလို အဆင်ပြေသည်။ မိဘများက အစက သဘောမတူသလိုရှိသော်လည်း အကိုကြီးက ဖြောင်းဖြပေးသလို စာတော်လှသော မိမိအငယ် အမွှာ ညီလေး (A/N : Can မှာ အမွှာမောင်နှမ အငယ် ၂ ယောက်ရှိပါတယ်နော်၊ Ref; Chap 7) Pond က အင်ဂျင်နီယာက သူဖြစ်ပေးမည်ဟု ကြုံးဝါးသောကြောင့် အဆင်ပြေသွားသည်။

Meow Lover (Completed) Donde viven las historias. Descúbrelo ahora