Chapter 3

456 51 1
                                    


ZAWGYI VERSION

Perth : ဟေ့ကောင်! မင်းသွေးရိုးသားရိုးမှ ဟုတ်ရဲ့လား?
ပိတ်ရက်ကြီးတွင် မနက်တည်းက အပတ်တကုတ်ကြိုးစားနေသော သူငယ်ချင်း ငပျင်းအား တအံ့တသြမေးမိသည် .

Can: အခုစာတွေ လုပ်ထားမှ ညဈေးသွားလို့ရမှာလေ . အိမ်ကိုလည်း စာရကြောင်းပြောရမှာဆိုတော့.

Perth: ညဈေးက ဘာသွားလုပ်မို့တုန်း . ဗိုက်ဆာရင် Mae က မုန့်တွေလုပ်ထားပေးတယ်တဲ့.

Can: ဗိုက်မဆာဘူး . အချစ်ဆာတာ. ညဈေးမှာ P" Tin ကို သွားစောင့်မို့.

Perth: ဘာ . ဟိုနေ့က အကို?

Can စာလုပ်မပျက်ခေါင်းငြိမ့်ပြလိုက်သည်. အစားကြောင့်တောင် မဟုတ်ဘဲ အချစ်ကြောင့်ဆိုသော ထို အကောင်ပေါက်ကြောင့် Perth ထပ်ဆင့် အံ့သြသွားရပြန်သည်.

Can : ဟိတ်ကောင်. ပါးစပ်ကြီးဟ ပြီး အံ့သြမနေနဲ့ဦး! စာလုပ်! မင်းလည်းငါနဲ့ လိုက်ခဲ့ရမှာ.

Perth : အေးပါကွာ .

Perth လည်းဆေးမီတော့မည့်ပုံမပေါ်သူကြောင့် သူပါရောယောင် စာလုပ်ရင်း ညနေစောင်းတော့ အိမ်ကိုခွင့်တောင်းကာ ၂ ဦးသား ဈေးဘက်လှမ်းခဲ့ကြသည်.

Can: သူနဲ့ ဒီနားမှာ တိုက်မိတာဆိုတော့ ဟို အုတ်ခုံနားလေးမှာထိုင်စောင့်ရအောင် . အာ့မှ ဖြတ်သွားလည်း မြင်ရမှာ.

Perth: မင်းဟာက သူပြန်လာမှာ သေချာလို့လား ? အာ့နေ့ကတောင် ကြည့်ရတာ ကင်မရာကြီးနဲ့ဆိုတော့ ခဏ ဓာတ်ပုံလာရိုက်တာဖြစ်မယ်.

Can: တော်ကြာဒီနေ့လည်း ရိုက်စရာရှိရင် ရှိမှာပေါ့ မင်းကလည်း .

Perth: ပြီးတော့ ကောင်မလေးလာခေါ်လို့ပြန်ပါသွားတာဆိုတော့ သူ့ကောင်မလေးဖြစ်နေဘယ်လို လုပ်မလဲ ?

Can ခေါင်းလေးတမော့မော့နဲ့ လူရှာနေတုန်း Perth အပြောကြောင့် ခဏမှိုင်သွားသည် . ပြီးမှ

Can: သေချာမှ မသိတာ. လုပ်ဖော်ကိုင်ဖက်လည်းဖြစ်နိုင်တာပဲ. ငါသိချင်တာတွေ သူ့ဆီက သိရမှ ယုံတော့မယ်.

Perth လည်း Can ကို ပြောမနိုင်တော့သည့် ပုံမျိုးကြောင့်လွှတ်ထားလိုက်ရသည် .
ထိုနေ့က နောက်ကျသည်ထိစောင့်သော်လည်း မတွေ့ဖြစ် .
Can ကတော့ ခေါင်းငိုက်စိုက်နဲ့ အိမ်ပြန်သွားလေသည်.

Meow Lover (Completed) Tahanan ng mga kuwento. Tumuklas ngayon