One

11.9K 645 22
                                    

တကယ်တော့ Jimin စောစော သိခဲ့သင့်တာ။Jung kook ဒီရက်ပိုင်း ပြုမူနေတာတွေက မူမမှန်တာကို။ အလုပ်ကပြန်လာတိုင်း အမြဲနောက်ကျနေတာတွေ၊ သူ့ကိုယ်က ရနေကျမဟုတ်တဲ့ ရေမွေးနံ့ရနေတာတွေ၊ အင်္ကျီကြယ်သီး ပြုတ်နေတာတွေ ကို သူသတိမူခဲ့သင့်တာ။

Jungkook အပြုအမူတွေက မရိုးတော့တာကို Jimin ဘာလို့များ မျက်ကွယ်ပြုမိနေပါ့လိမ့်။ သူတို့ရဲ့ အားလပ်ရက်လေးမှာတောင် အတူနေရမဲ့ အချိန်တွေ သိပ်မရှိဘူး။ ပြောပြန်ရင်လည်း အပြင်မှာ အလုပ်လုပ်နေရလို့ပါ ဆိုတဲ့ အက်ကြောင်းထပ်အကြောင်းပြချက်ကြီး ပေးနေတုန်းပဲ။

အရင်တုန်းက သူ့ရဲ့ Jungkook လေးက အခု Jungkook နဲ့ လုံးဝကို ကွာခြားလွန်းသွားပြီ။ Jimin ရယ်တောင်ရယ်လိုက်ချင်သေးတယ်။ မဟုတ်တာလုပ်ပြီး သူ့ရဲ့ အရှုပ်ထုတ်တွေကို သေချာလည်း မဖွက်တတ်ဘဲနဲ့များ Jungkook ရယ်။Jimin အဲ့ဒါတွေကို အလိုလို သိပါတယ်။

အလိုလို သိနေတယ်ဆိုလို့ Jimin  အကြားအမြင်တွေ ဘာတွေ ရနေလို့တော့ မဟုတ်ဘူး။ဘာလို့လဲ ဆိုတော့ သူတို့ အတူတူနေလာတာဖြင့်ကြာပေါ့။ အခုဆို ငါးနှစ်တောင် ရှိပြီလေ။ Jungkook ရဲ့ အပြင်ပန်းဆိုင်ရာကအစ အတွင်းစိတ်အထိ Jimin မသိတာဆိုလို့ ဘာဆိုဘာမှ မရှိဘူးရယ်။သူ့ရဲ့ အကြိုက် တွေကအစ မျက်စိတစ်မှိတ်အတွင်းမှာ ဘာတွေပါဆိုပြီး Jimin ပြောပြနိုင်တယ်။ Jungkook တစ်ခုခုကို ဖုံးကွယ်ထားပြီဆိုရင်လည်း Jimin ရဲ့စိတ်ထဲမှာ အလိုလိုကို ခံစားမိတယ်။

ဒါပေမယ့်လည်း Jimin မုန်းမိတယ်။ သူ့ ယောကျာ်း သူ့နောက်ကွယ်မှာ ဘာလုပ်နေတယ်ဆိုတာသိရတော့ Jimin တကယ် မုန်းတယ်။ သူ့ယောကျာ်း သူ့နောက်ကွယ်မှာ ဖောက်ပြန်နေပါတယ် ဆိုတာကို သိလိုက်ရမဲ့အစား ရူးသွားတာကမှ ပိုကောင်းဦးမယ်။ သူ အဲ့ဒါကို သိလိုက်ရတဲ့ အချိန်ကစပြီးလည်း တစ်ချိန်လုံး ဘာမှ မလုပ်မကိုင်နိုင်ဘဲကို အဲ့ဒီအရာကြီးအပေါ်ဘဲ စိတ်ရောက်ပြီး ပင်ပန်းရတယ်။

တစ်ချိန်လုံး အရူးတစ်ယောက်လိုသာ သူငိုယိုနေခဲ့မိပြီး စိတ်ဖိစီးမှုတွေကလည်း တစ်ဖန် နှိပ်စက်တယ်။ အရင်က နှစ်ယောက်အတူပျော်ပါးခဲ့တဲ့ စနေ၊တနင်္ဂနွေလို weekend တွေမှာတောင် သူ့တစ်ယောက်တည်း mall ထဲ ကြောင်တောင်တောင်ကြီး စိတ်နဲ့ကိုယ်မကပ်ဘဲ လျှောက်လှမ်းနေမိတယ်။ဘယ်လိုပဲ ဖြစ်ဖြစ်ဟာ အချိန်လေး နဲနဲဖြစ်ဖြစ် သည်းခံလိုက်ရင်တော့ Jungkook သူ့အပေါ်ပြန်ပြီး စိတ်လည်လာနိုင် မှာပဲလို့ Jimin ဖြေသိမ့်တယ်။

Your MistakeWhere stories live. Discover now