[Zawgyi]
ဒီနေ့ပဲ!သူရယ် Jeongguk ရယ် Jieun ရယ် အတူတူရိုက်မယ့် Shooting။အစကတော့ Lee won ကို shooting အတွက် ပြောဖို့တွန့်ဆုတ်နေမိတယ်။ Lee won ကသူ့အပေါ်ဆို အရမ်းလိုက်လျောလွန်းနေတယ်။Lee wonရဲ့ ခံစားချက်ကိုသူသိပါတယ်။ ဒါပေမယ့် Jimin အတွက် နောက်ထပ်အချစ်ကိုယုံဖို့ ဆိုတာ အတော်မဖြစ်နိုင်သေးတဲ့ကိစ္စလို့
ဆိုရမယ်။Jimin သူ့ကို အသုံးမချချင်ပါဘူး။နောက်ဆုံးမှာ Lee won နားလည်ပေးဖို့ မျှော်လင့်ပါတယ်။Jeongguk က သူ့ရဲ့အိမ်ထောင်ဘက်ဖြစ်ခဲ့တာ လူတိုင်းသိပြီးသားဆိုတော့ မထူးဆန်းပါဘူး။ဒါပေမယ့် အခုအတူတွဲရိုက်ကြမယ့် shooting ကတော့ အပြင်လူတွေ ရဲ့အာရုံစိုက်မှုကို အတော်လေးရနေတဲ့အခြေအနေပဲ။
"ရော့ ဒီမှာ" လွန်ခဲ့တဲ့နာရီဝက်လောက်ကတည်းက သောက်ချင်တယ်လို့ ပြောထားသော ကော်ဖီကို ပေးလာသည့် Yoongi။
" နောက်နာရီဝက်လောက်နေရင် shooting စမယ်တဲ့ Jeongguk နဲ့ Jieun က ခုထက်ထိမရောက်သေးဘူး အဲ့ဒါကြောင့်မင်းတစ်ယောက်တည်းအရင်
ရိုက်ထားနှင့်တဲ့ ပြီးမှ Group photo ရိုက်လိမ့်မယ် "" ကောင်းတယ် "
ကော်ဖီကိုတစ်ငုံထပ်သောက်လိုက်ပြီး စားပွဲပေါ်တင်ခဲ့ကာ Yoongi နှင့်အတူ set သို့ ထွက်လာလိုက်သည်။" ကျနော့်အထင် concept ကတော့ အမိုက်စားဖြစ်မှာပဲ "
" အင်း..မင်းကြောင့် ပိုလန်းသွားလိမ့်မယ် "
Jimin မထိတရိပြုံးလိုက်ရင်း...
" အဲ့ထက်အရေးကြီးတာက ဒီလအတွင်း ဒီ concept က နောက်ဆုံးတစ်ခုနော် အဲ့တော့ ဒါပြီးရင် ကျနော်တို့နားလို့ရပြီ! "Yoongi လည်းသူနှင့်အတူ မထိတရိလိုက်ပြုံးလိုက်၏။
ပြီးတော့ပြင်ထားသည့်နေရာသို့သွားကာ Photographer တွေပြောသမျှ နားထောင်ပြီး အကောင်းဆုံးလိုက်နာကာ ပို့စ်ပေးလိုက်သည်။သူ့ရဲ့solo shoot က အတော်လေးအဆင်ပြေပြေချောချောမွေ့မွေ့ပြီးသွားလေ၏။ ပြီးတာနဲ့ သူ့ပို့စ်တွေက concept နဲ့ ဘယ်လောက်လိုက်ဖက်ကြောင်း သူရိုက်သမျှပုံတိုင်း ပုံထွက်လှကြောင်း မဆုံးနိုင်သောချီးကျူးစကားများကို Photographer တွေကဆိုလာသည်။
YOU ARE READING
Your Mistake
Fanfiction⚠MM Translation⚠ Jungkook ရဲ့ ဘဝမှာ အမှားကြီးတစ်ခုကျူးလွန်ပြီးနောက်မှာတော့...သူ နောင်တအရဆုံးအရာဟာ Jimin ကို လက်လွှတ်ဆုံးရှုံးလိုက်ရတာပါပဲ... Warning-This book is not my own creation.I'm just translated.This whole book belong to @JiGguklove.F...