Eight

4.2K 467 21
                                    

“ အမ သိလား?Namjoon hyung က ကျနော့်ကို ဒီညအတွက် ဝတ်စုံတစ်စုံပဲ ပေးဝတ်တယ်လေ ”
Jimin မိတ်ကပ်အပြင်ခံနေရင်းမှ သက်ပြင်းတိုးတိုးချရင်း ပြင်ပေးနေသည့် အမအား ပြောလိုက်သည်။

“ အော်..Jiminie ကအဲ့ဒါကို မကျေမနပ်ဖြစ်နေတာကိုး ”သူမက ရယ်မောရင်း ပြန်ပြောလေ၏။

“ အမ ရော စိတ်မဆိုးဘူးလား စက္ကန့်ပိုင်းလောက်လေး စင်ပေါ်မှာ လျှောက်ရမှာကို အမ ကို လှမ်းခေါ်တာလေ ”Jimin စိတ်ရှုပ်နေဟန်ဖြင့် ပြောလိုက်၏။

“ ဆိုးလို့မရဘူးလေကွယ် သူက အမကို ပိုက်ဆံနဲ့ငှါးထားတာလေ ”သူမက ပြုံးရင်းဆိုလိုက်တော့ Jimin ဘာမှ ဆက်မပြောနိုင်တော့ပေ။

“ အမကို လာခိုင်းရတာကျနော်အားနာတယ် အမရဲ့ အမေရော သက်သာရဲ့လားဟင်? ”

သူမက Jimin ကို အဆင်ပြေကြောင်းသိစေဖို့ ထပ်ပြုံးပြရင်း..“ အမေက ကောင်းနေပါပြီ တစ်နေ့ထက်တစ်နေ့တော့ အခြေအနေက ပိုပြီးတိုးတက်လာတာပဲ ”

“ ကြားရတာ ဝမ်းသာပါတယ် အမ အကူအညီတစ်ခုခုလိုရင် ကျနော့်ကို ပြောနော်  ”သူမက ခေါင်းငြိမ့်ပြရင်း Jimin ၏ မျက်နှာနုနုအား ဆက်လက်ပြင်ဆင်ပေးနေလိုက်၏။အခုထိ Jimin မျက်နှာမှာ စိတ်ဆိုးနေဟန်ရှိနေသေးသည်။သူ့ရဲ့ မန်နေဂျာ ရောက်မလာခင်ထိပေါ့...ကော်ဖီခွက်ကို ကိုင်ရင်း အခန်းတွင်းဝင်လာသည့် မန်နေဂျာဖြစ်သူ။
“ Hyung ဘယ်ပျောက်နေတာလဲ? ”

“ အဲ့ဒါသွားဝယ်နေတာလေ ” မန်နေဂျာက ပျင်းရိပျင်းတွဲနှင့်ပြောလိုက်ပြီး ဆိုဖာပေါ် သွားလှဲနေလေ၏။ကံကောင်းတယ်ပဲဆိုရမလား Jimin အတွက်က အခြား model တွေနဲ့ အတူမပြင်ရဘဲ အခန်းသီးသန့်ရတယ်လေ။အခု သူရယ် မန်နေဂျာရယ် မိတ်ကပ်ပြင်ပေးနေတဲ့ အမရယ်ပဲ ရှိတာ။

“ မင်းအလှည့်ရောက်ခါနီးပြီ နော် Jimin ”

“ လာပြောပေးတာ ကျေးဇူးနော် hyung အပြင်မှာအတော်ပွဲဆူနေပြီထင်တယ် ဟုတ်လား? ”

“ အဲ့လိုပဲထားပါတော့.. ”

ပြီးပြီးရောအဖြေကို နားထောင်ရင်း Jimin ရယ်မောလိုက်သည်။“ ထစမ်းပါ Yoongi hyung ရယ် ညဘက်အိပ်ရေးမဝတာလည်း မဟုတ်ဘဲနဲ့ တက်တက်ကြွကြွလေး နေပါ ”

Your MistakeWhere stories live. Discover now