Four

4.5K 529 8
                                    

Jeongguk ရှိ​နေသည့်​​နေရာသို့ အကြည့်​​ရောက်​မိပြန်​ပြီ။ဒီ​နေ့လည်း သူ အပြင်​မထွက်​ဘူး။ဆိုဖာ​ပေါ်မှာထိုင်​ပြီး TV ကြည့်​​နေတယ်​။အရင်​​နေ့​တွေလို အပြင်​သွား​နေတာမျိုး မဟုတ်​​တော့ အဲ့လိုအ​ခြေအ​နေမျိုးကြီးကို Jimin အသားမကျ​သေးပါ။အိပ်​ခန်းထဲမှာဘဲ အချိန်​ပြည့်​ ​နေ​နေလို့မှမဖြစ်​နိုင်​တာ။ရှိတာမှ လူ​လေးနှစ်​​ယောက်​ပဲကို။ဟို​ရှောင်​ဒီ​ရှောင်​လုပ်​ပြီး Jeongguk နဲ့ရင်​မဆိုင်​တာက သိပ်​ပြီး ​ကောင်းတဲ့ အကြံ​တော့မဟုတ်​ဘူး။

Jeongguk၏ ​ရှေ့ဘက်​မှာဝင်​ထိုင်​လိုက်​​တော့ အာရုံက တီဗီမှ ဖယ်​ခွာပြီးသူ့ဆီ​ရောက်​လာ​တော့သည်​။Jeongguk ပြုံးပြလာ​သော်​လည်း သူက​တော့ ဒီအတိုင်းသာငြိမ်​​နေလိုက်​၏။

" ဘာဖြစ်​လို့လဲဟင်​ hyung? " Jeongguk မှ စတင်​​မေးလိုက်​သည်​။ " ​နေမ​ကောင်းဘူးလား? "

Jimin စကား​ပြောဖို့ရာ ပါးစပ်​ဟလိုက်​​သော်​ငြား တကယ်​တမ်းကျ ဘာမှ ထွက်​မလာ​ပေ။သူအရမ်း စိတ်​လှုပ်​ရှား​နေတယ်​။ခုဏတုန်းက အားတင်းထားသမျှလည်း အခုကျ လုံးဝယုံကြည်​မှု​ပျောက်​ဆုံးသွားသည်​။တကယ်​တမ်း​ပြောရမှာကျ​တော့ စိတ်​မ​ကောင်းဖြစ်​မိတယ်​။ဒါ​ပေမယ့်​ ဒီလိုမျိုး​တွေဖြစ်​လာဖို့လုပ်​ခဲ့တာ သူ့အမှားမဟုတ်​ဘူး​လေ။Jeongguk နဲ့တခြားအရာ​တွေ​ရော​ပေါ့။ဘယ်​လိုပဲဖြစ်​​နေ ဖြစ်​​နေ ​နောက်​ဆုံးမှာ ဖွင့်​ဟရ​တော့မှာဘဲ။သူ Jeonggukကို ဘာ​ကြောင့်​ဒီလို​တွေဖြစ်​​နေရတယ်​ဆိုတဲ့ အမှန်​တရားကို အားလုံး​ပြောမှဘဲ ပြီးမည်​မဟုတ်​လား။

" မင်းအပြင်​မသွားဘူးလား?မင်း ဒီရက်​ပိုင်း​တွေ အိမ်​မှာ သိပ်​မရှိတတ်​ဘူး​လေ "

ခေါင်းယမ်းပြသည့်​ Jeongguk။
" အပြင်​ထွက်​ချင်​စိတ်​မရှိဘူး..Hyung​ရော? "

" ဟင့်​အင်း "ခပ်​ပြတ်​ပြတ်​သာ ပြန်​လည်​​ဖြေလိုက်​သည်​။အသက်​ကို ခပ်​ပြင်းပြင်းရှုသွင်းလိုက်​ပြီးမှ သူ့အ​ပြောကို​စောင့်​စားလျှက်​ရှိတဲ့ Jeongguk ရဲ့ မျက်​ဝန်း​တွေထဲစိုက်​ကြည့်​လိုက်​သည်​။ " ငါတို့ ​ဆွေး​နွေးဖို့လို​နေပြီ Jeongguk..ငါတို့
အ​ကြောင်း "

Your MistakeWhere stories live. Discover now