[တစ်နှစ်ခန့်ကြာပြီးနောက်..]
နာမည်ကျော်model တစ်ဦးဖြစ်တဲ့ Jeon Jeongguk ဟာ တက်သစ်စ model လေး Lee Jieun နဲ့ တွဲနေပြီဖြစ်ကြောင်း သိရပါတယ်။ထိုအကြောင်းကို သူတို့ရဲ့ ကုမ္ပဏီအသီးသီးမှ အတိအလင်း ပြောကြားထားပြီး ဖြစ်ပါတယ်..
Jimin ထိုသတင်းကိုပဲ News feed မှာ တွေ့နေရတော့ ခဏလောက်ဖတ်ပြီး အခြားသတင်းများကို ကျော်ဖတ်လိုက်သည်။
သူတို့နှစ်ယောက် ပုံထဲမှာ သိပ်လိုက်ဖက်နေကြတာကို မသိချင်ဟန်ဆောင်လိုက်မိတယ်။အင်း..နောက်ဆုံးတော့လည်း တစ်နှစ်ကြာပြီးနောက်မှာ Jeongguk သူ့ကို မေ့ပစ်နိုင်ပြီပဲ။Jimin အဖို့တော့ Jeongguk နဲ့ သူရဲ့ အကမရှိဘဲ ပတ်ဝန်းကျင်အသစ်မှာ ဘဝအသစ်ပြန်လည် တည်ဆောက်ရတာ အင်မတန်ကိုခက်ခဲလှပါတယ်။သူတို့ကွာရှင်းတဲ့ အကြောင်း ပြောနေကြတာတွေကို အာရုံမထားဘဲ သူ့ကိုယ်သူသာ ဂရုစိုက်ဖို့လုံးပန်းခဲ့တယ်။တစ်နှစ်ကြာပြီးတာတောင် သူ့တို့အပြင်ပန်းကိုပဲ ကြည့်ပြီး လူတွေဟာဝေဖန်နေတုန်းပဲ။စိတ်ပျက်နေတဲ့အကြည့်တွေသူ့ကိုတည့်တည့်လာစိုက်ကြည့်နေတာမျိုးတွေ တစ်ခါတစ်လေဆို သူ့ကိုတည့်တည့်ကြည့်ပြီး နားမချမ်းသာဖွယ် စကားတွေပြောဆိုနေကြသေးတာ။
အချိန်တန်ရင် မေ့သွားကြမှာပါ..အဲ့လိုပဲ ဖြေသိမ့်လိုက်တော့တယ်..
[နှစ်နှစ်ခန့်ကြာပြီးနောက်..]
YOU ARE READING
Your Mistake
Fanfiction⚠MM Translation⚠ Jungkook ရဲ့ ဘဝမှာ အမှားကြီးတစ်ခုကျူးလွန်ပြီးနောက်မှာတော့...သူ နောင်တအရဆုံးအရာဟာ Jimin ကို လက်လွှတ်ဆုံးရှုံးလိုက်ရတာပါပဲ... Warning-This book is not my own creation.I'm just translated.This whole book belong to @JiGguklove.F...