Three

4.6K 543 22
                                    

“မင်းကိုကြည့်​ရတာ စိတ်​ဖိစီးမှု​တွေ များ​နေသလိုပဲ Jimin ah  ”Jin ရဲ့ အ​ပြော​ကြောင့်​ Jimin နှုတ်​ခမ်းကိုဖိကိုက်​ခါ အကြည့်​လွဲလိုက်​မိသည်​။

“ ဘာ​တွေ ​တွေး​နေတာလဲ..ဟင်​? ”

“ ဟင့်​အင်း မ​တွေးပါဘူး Hyung ရဲ့ ”

Jin သက်​ပြင်း​မောတစ်​ချက်​ချမိသည်​။
ရေးလက်​စ စာကို လပ်​စသတ်​လိုက်​ကာ Jimin အား အပြည့်​အဝ အာရုံထားလိုက်​၏။

“ ဒီမှာကြည့်​ Hyung ​ပြောပြမယ်​​​..အခု လုပ်​​နေတာ​တွေက မင်းရဲ့ကျန်းမာ​ရေးကို ထိခိုက်​နိုင်​တယ်​..သိလား?စိတ်​ကျ​ရောဂါ အထိ ဖြစ်​သွားနိုင်​တယ်​​နော်​၊hyung ​ပြောတာ မယုံမရှိနဲ့​ အဲ့လိုမျိုးက ကြားရတာ သိပ်​ပြီး မခံစားရသလိုနဲ့တကယ်​တမ်း ဖြစ်​လာရင်​ အရမ်းဆိုးတယ်​..အဲ့ဒါ​ကြောင့်​ Jimin စိတ်​ထဲမှာခံစား​နေရတာ​တွေ အကုန်​hyung ကို ​ပြောပြလို့ရတယ်​..hyung ကူညီနိုင်​တာရှိရင်​လည်း ကူညီ​ပေးမယ်​..​သိလား?”

“ hyung ”သက်​ပြင်းတစ်​ချက်​ချရင်း “ အလုပ်​​ကြောင့်​ပါ..အက ချည်းပဲ အမြဲ အာရုံစိုက်​​နေရလို့ အဲ့လိုမျိုးဖြစ်​​နေတာထင်​တယ်​ ..ဒါပါပဲ hyungရဲ့ ”

“ Jimin ” အသံခပ်​မာမာဖြင့်​ သတိ​ပေးလိုက်​သည့်​ Jin hyung။ “ hyung က စိတ်​​ရောဂါအထူးကု ဆရာဝန်​​နော်​..မင်းရဲ့စိတ်​ကို အလွယ်​​လေးဖတ်​နိုင်​တယ်​..hyung ကို ဒီလိုလာညာလို့မရဘူး... Jeongguk ​ကြောင့်​မလား? ”

မျက်​လုံးအစုံ ပြူးကျယ်​ သွားရသည့်​ Jimin။ “ မ..မဟုတ်​ဘူး... ”

“ Jimin ဒါ​ကောင်းဖို့အတွက်​​နော်​..မင်း ရင်​ထဲမှာရှိသမျှ ဖွင့်​ချလိုက်​ hyung မင်းကို ကူညီ​ပေးမယ်​ အခု မင်းကိုကြည့်​ရတာ
အရမ်းအားနည်း​နေတယ်​ ”

Jimin နှဖူးကို လက်​ဖြင့်​ ဖွဖွနှိပ်​​ရင်း..မျက်​လုံးအစုံကို မှိတ်​ချလိုက်​မိသည်​။နောက်​ဆုံး​တော့ မလွဲမ​လျှောင်​သာ သူ​ခေါင်းသာ အသာအယာ ငြိမ့်​ပြလိုက်​မိ​တော့၏။
“ ဟုတ်​တယ်​​ hyungရယ်​... ဒါ​တွေအားလုံး Jeongguk ​ကြောင့်​ပါ ”

“ အ​ကြောင်းက..? ”

“ ဘယ်​သူ့ကိုမှ​တော့ ဒီအ​ကြောင်းကို ပြန်​ မ​ပြောပါနဲ့​နော်​..အထူးသဖြင့်​ Jeongguk ကိုလည်း လုံးဝသွားမ​ပြောလိုက်​ပါနဲ့..ကျ​နော်​ ကိုယ်​တိုင်​ပဲ သူ့ကို ​ပြောမယ်​..
နော်​hyung? ”

Your MistakeWhere stories live. Discover now