သိပ်မြတ်နိုးရပါသော

8.1K 194 4
                                    


မင်းအတွက်နဲ့ မင်းအတွက်ကြောင့်နဲ့
တစ်သက်တာ စောင့်ထိန်းခဲ့တဲ့
ကျင့်ဝတ်တွေ သိက္ခာတရားတွေ အရာအားလုံး ငါစွန့်ပစ်ခဲ့တယ်

ဟန်ကွမ်ကျွင်းဆိုတာ တစ်လောကလုံး လေးစားရသူ
အမှန်တရားရဲ့ ပြယုဒ်ဖြစ်ခဲ့တဲ့ငါ
မင်းနဲ့ကျမှ ဘယ်ဟာ အမှား ဘယ်ဟာ အမှန်မှန်းမသိအောင် ငါကန်းနေခဲ့တယ်

သွေးတွေခြင်းခြင်းနီအောင် ဖန်တီးခဲ့တဲ့
တခြားသူတွေ ကြောက်ရွံ့ခြင်းအတိပြီးနေတဲ့
မင်းဟာ ငါ့အတွက်တော့ အမှန်တရားပဲ
ဖြူစင်ဆဲ ဖြူစင်မြဲပဲ

အမှားဆိုလို့ စာလုံးပေါင်းလေးတောင် မမှားဘူးတဲ့ငါ
မင်းနဲ့ကျမှ ကိုယ့်သွေးသားညီနောင်တွေတောင် ဆန့်ကျင်ပြီး
ငါမင်းကိုကာကွယ်ပေးခဲ့တယ်

ပြစ်ဒဏ်ပေးတဲ့သူတစ်ယောက် ဖြစ်ခဲ့တဲ့ငါက
မင်းအတွက်နဲ့ သေစေလောက်တဲ့ ကြိမ်ဒဏ်တွေကို ငါအံကြိတ်ခဲ့တယ်
မင်းအတွက်သာဆိုရင်....
မင်းအတွက်သာဆိုရင်ပေါ့....ဝေ့ရင်း

မင်းလောကကနေထွက်ခွာသွားပြီပြောတယ်
ဟင့်အင်း ငါမယုံဘူး
ငါသိတဲ့ မင်းက ငါ့ဘေးနားမှာ အမြဲတမ်း စနောက်ပြေးလွှားနေဦးမှာ
အဖြူစင်ဆုံး အပြုံးတွေပြုံးပြအုံးမှာ....
ငါ့အနီးအနား....ငါ့ဘေးနားကို ပြန်လာအုံးမှာပါ

ကြိတ်ခံခဲ့တယ် အလွမ်းတွေ အဆွေးတွေ
ဒဏ်ရာတွေနဲ့ ငါမင်းကိုစောင့်ခဲ့ပါတယ်

လေပြေတွေထဲက ပုလွေသံလေး....
ဧကရာဇ်အပြုံးနဲ့ ရင်ဘက်ပေါ်က တံဆိပ်ရာ....
မင်းရဲ့ ကိုယ်ပွားလေးတွေကို ထွေးပွေးရင်း
အရမ်းလွမ်းတဲ့ ညတွေဆို ငါဝိညာဉ်ခေါ်သံ တေးသွားတွေတီးတယ်

ဘယ်အရာမှ မလိုချင်ခဲ့ဘူး
မင်းနဲ့တွေ့တဲ့နောက်ပိုင်း
ဘယ်အရာကိုမှ ငါမက်မောခဲ့ပါဘူး

ဘဝမှာ မှားခဲ့ပါတယ်
အမှားကြီးမှားခဲ့တယ်ဆိုရင်တောင် အဲ့အမှားက မင်းဆိုရင် ငါကျေကျေနပ်နပ်ကြီး ခံယူလိုက်တယ်

စကားလုံးတွေနဲ့ လှပအောင် မပြောတတ်ပေမယ့်
ရင်ခုန်သံကို နားထောင်ပေးပါ
ပထမဆုံး အပြုံးတွေ.....
ပထမဆုံး အနမ်းတွေ...
ပထမဆုံး အလွမ်းတွေနဲ့....
ပထမဆုံး မေတ္တာတရားက....မင်းအတွက်ပါပဲ

သိပ်ချစ်ခဲ့ပါတယ်.....ဟင့်အင်း
သိပ်မြတ်နိုးခဲ့ရတာပါ ဝေ့ရင်း



Love Where stories live. Discover now