ချစ်ခြင်းဖွဲ့သဝဏ်လွှာ

990 64 2
                                    

နံနက်ခင်းရဲ့....လေပြေအေးမှာ
သူ့ အပြုံးတွေဟာ မွှေးပါစေ

အေးခဲနေတဲ့....နလုံးသားလေး
ကိုယ့်ရင်ခွင်ကြောင့် နွေးပါစေ

စိမ်းဖန့်လွန်းတဲ့ အကြည့်တွေဟာ
မိမိအတွက်သာ.....တောက်ပပါစေ

တည်ငြိမ်နေတဲ့ ရင်ခုန်သံဟာ
ဒီလူသားကြောင့် နိုးထပါစေ

ဘယ်လိုပဲ အနေဝေးရင်တောင်
ညတိုင်းမက်တဲ့ အိမ်မက်တွေထဲမှာ
အတူတူဆုံစည်းပါစေ

ကိုယ်ဆုတောင်းတယ်....နေ့တိုင်း နေ့တိုင်း
သူနဲ့ ဝေးနေတဲ့ ဒီရက်ပိုင်းတွေမှ အမြဲတမ်းဆုတောင်းတယ်

အနေဝေးရင် သွေးအေးတယ်ဆိုတာမျိုး....
မသိမသာခွက်ဝင်သွားတဲ့ ပါးနှစ်ဖက်နဲ့
နှုတ်ခမ်းကော့ကော့လေးတွေက
ငြင်းတယ်

သူဟာ ကိုယ်နဲ့ အနီးဆုံးမှာရှိနေပါတယ်
သူနှစ်သက်တာလေးတွေ....
သူကြိုက်တတ်ပေမယ့် ကိုယ်တစ်ခါမှ မစားတဲ့ အရံသင့်အစားအစာလေးတွေ
ယုတ်စွအဆုံး....သူသုံးနေကျ ရေမွှေးနံ့လေးတောင်
ကိုယ့်မှတ်ဥာဏ်ထဲမှာ အမြဲရှိတယ်.....
သူနဲ့ကိုယ်ဟာ....တစ်သားတည်းလိုမျိုး

ပြီးတော့....သူဟာ...
ကိုယ့်ရဲ့ နှလုံးသားထဲမှာ အမြဲရှိပါတယ်
ဘယ်သူဟာ....ပိုမြတ်နိုးလည်း...ကိုယ်မသိပါဘူး
ပြိုင်ငြင်းလို့ ရှုံးရတာမကြိုက်ပေမယ့်
ဒီမေးခွန်းလေးမှာတော့ ကျေနပ်စွာ လက်မြှောက်ထားတယ်

ဘယ်လောက်ထိခွဲနိုင်လို့လဲ....
တစ်ဘဝလုံးစာအတွက်ဆို ယုံမလားပဲ....
ကိုယ့်အတွက် သူဟာ....သိမ်းပိုက်ခံ ရုပ်ဝတ္တုမဟုတ်ဘူး

သူနဲ့ကိုယ်ဟာ....ကျယ်ပြောလွန်းတဲ့ ကောင်းကင်ယံမှာ
တူတူထွန်းလင်းနေတဲ့ နေနဲ့လလိုပဲ
တစ်ကွဲတပြားဆီဖြစ်နေတာဟာ.....သဘာဝပဲတဲ့
ကိုယ်လည်း သူ့ဘေးနားက
မှိတ်တုတ်မှိတ်တုတ် ကြယ်တွေလို မဖြစ်ချင်ခဲ့ပါဘူး
သူ့နဲ့အတူ ထွန်းလင်းနိုင်မယ့်...
ပြီးတော့ သူ့အတွက် နောက်ကွယ်ကနေ
အလင်းရောင်တွေဝေမျှပေးမယ့် နေမင်းတစ်စင်းပဲ ဖြစ်ချင်ခဲ့တာပါ.....

#Yizhan

Note:ပုံမှန်ကတော့ novelထဲကဇာတ်ကောင်လေးတွေပဲ အရေးများပါတယ်.....ဒီနှစ်ယောက်ကို အကြာကြီးနေမှ..တူတူပြန်တွေ့ရတော့ အရမ်းတွေဝမ်းသာလို့....shipတာပါ...ဘာစိတ်ရယ်မှမဟုတ်ပါဘူး....ဖြူဖြူစင်စင်လေးချစ်လွန်းလို့ပါ








Love Where stories live. Discover now