ဟိုးရှေးရှေးတုန်းက.....

2.1K 138 3
                                    

"ဟိုရှေးရှေးတုန်းက"နဲ့ အစချီတဲ့ ပုံပြင်လေးလိုပဲ
ဘယ်တော့မှ မဟောင်းဘဲ အမြဲတမ်းနားထောင်ကောင်းတဲ့
ဇာတ်လမ်းလေးတစ်ပုဒ်ရှိခဲ့တယ်....

ကိုကို..ကိုကိုနဲ့ခေါ်တတ်တဲ့ သိပ်ချစ်တတ်တဲ့ကောင်လေးတစ်ယောက်.....
ပြီးတော့ ဖြူစင်တဲ့အပြုံးလေးတွေနဲ့ သူ့ ကိုပြုံးပြုံးပြတဲ့ အရှင့်သားဆိုတဲ့ကောင်လေး....

အပြင်လောကသားတွေနဲ့ စည်းမျဉ်းတွေ
ကံဆိုးခြင်း.....ကံကောင်းခြင်း တွေ
သူတော်လမ်းနဲ့ မိစ္စာလမ်းတွေမပါခဲ့ရင်
ဇာတ်လိုက်ကောင်လေးနှစ်ယောက် ပိုပျော်ရလေမလား

အဖြူရောင် ဝတ်ရုံလေးကို
လက်ဖဝါးမဲမဲလေးနဲ့ စွန်းထင်စေခဲ့တဲ့ ရင်ခွင်ထဲက ကောင်လေးက....
အခုတော့ ကိုကို့ ကို ရင်ခွင်ထဲ ထည့်ပြီး ကာကွယ်ပေးရလောက်အောင် အရွယ်ရောက်နေပြီလေတဲ့

ဒီဇာတ်လမ်းလေးထဲမှာ သူတို့နှစ်ယောက်က သိပ်ချစ်တာပဲတဲ့
တစ်ခါတစ်ခါ အသက်ပေးပြီးကာကွယ်တာမျိုး
တစ်ခါတစ်ခါ မျက်စိစုံမှိတ်ပြီး ယုံကြည်ပေးတာမျိုး
တစ်ခါတစ်ခါ ဝမ်းနည်းတိုင်း နွေးထွေးတဲ့ နှစ်သိမ့်မှုတွေပေးတာမျိုး

ရှုပ်ထွေးလှတဲ့ ပညက်တွေမပါပဲ
နေ့တိုင်းနေ့တိုင်း နိစ္စဒူဝတွေလုပ်ရင်း
နတ်ကွန်းစုတ်စုတ်ပြတ်ပြတ်ထဲမှာ
တံမြတ်စည်းလှည်းပြီးစောင့်နေတဲ့
ကောင်လေးတစ်ယောက်
ပြီးတော့....
သူသိပ်အလိုလိုက်တဲ့ ကောင်လေး အတွက်
ပေါက်စီ ဖွံဖွံထွားထွားလေးတစ်လုံးဝယ်ဖို့
တစ်မြို့လုံး အမှိုက်လိုက်ကောက်တဲ့ ကိုကို

သုံးလောကလုံး သေမလောက်ကြောက်ရတဲ့
မိစ္စာခေါင်းဆောင်က....
ကိုကို့အတွက်ဆို ကလေးလေးဆိုပဲ
အဲ့လိုပဲ....
ဂုဏ်ဒြပ်တွေကြီးမားပြီး အရှင့်သား တဖြစ်လဲ နတ်သူတော်စင်က
ကလေးအတွက်ဆို ဘယ်အမှားဆို အမှားမှ မမြင်တတ်ဘူးဆိုတဲ့ ကိုကို

သူ့နှုတ်ခမ်းက လွှလွှလေးပြုံးပြီး
ကိုကိုလို့ ခေါ်လိုက်တိုင်း တစ်ကမ္ဘာလုံး နဲ့ရင်ဆိုင်ဖို့အသင့်
ကလေးကလည်း ကိုကို့အတွက်ဆို
အရာအားလုံးစွန့်လွှတ်ဖို့အသင့်

သိပ်လှပလွန်းတယ်....သိပ်မက်မောဖို့ကောင်းတယ်
ဘေးဘီကို ခဏမေ့ထား.....
အနှီလူသားလေးနှစ်ယောက်နဲ့တင်
ဒီပုံပြင်က သိပ်ပြည့်စုံနေပါပြီ

Love Where stories live. Discover now