မင်းလေးမွေးနေ့

744 61 5
                                    

စန္ဒကူးနံ့လေးမွှေးနေတဲ့ အခန်းထဲမှာ
လူးလှိမ့်နေတဲ့ လူသားလေး

နိုးနေရက်နဲ့
နံနက်ခင်း အနမ်းငွေ့ငွေ့ဟာ လာမနှိုးလေတော့
ဒီကောင်လေးဟာ မဆီမဆိုင်
နေမင်းကြီးကို
စိတ်ကောက်ချင်နေလေရဲ့...

ဘယ်မှာများလဲ...
မျက်နှာသစ်ပေးနေကျ လက်ဖဝါးနုနုလေးရယ်
ဝေ့ရင်း လို့ခေါ်သံ တိုးတိုးညှင်းညှင်းလေး
ပြီးတော့ သူ့လက်ကောက်ဝတ်က ကြိုးပြာလေးရဲ့ပိုင်ရှင်

ဖြေးဖြေးချင်းအဖြေရှာဖို့ ဖွင့်ဟလိုက်တဲ့
မျက်ဝန်းနှစ်လွှာရှေ့မှာ
နတ်သားတစ်ယောက်ရဲ့အသွင်ဟာ
မပီမပြင် ဝိုးတဝါး

နေ့တိုင်းနေ့တိုင်း အနားမှာရှိတဲ့သူ့ကို
နီးစပ်နေရင်းနဲ့ လွမ်းရတယ်...
မျှော်ကြည့်နေရင်း မြတ်နိုးရတယ်...
ပိုင်ဆိုင်နေရင်း အတ္တကြီးရတယ်....
ချစ်နေရင်းနဲ့ပဲ ပိုချစ်ရတယ်...

မနေ့တနေ့က ရေခဲပန်းလေးဟာ
ဘယ်တုန်းက အဲ့လောက်ထိ နွေးထွေးတဲ့ နေခြည်လေး
ဖြစ်ခဲ့တာလဲ

မနေနိုင်လို့ မေးတဲ့ အသည်းယားစရာ ဒီစကားနောက်မှာ
သူပြုံးတယ်...အလှဆုံးနဲ့အမြတ်နိုးရဆုံး အပြုံး
ပြီးတော့ သူဖြေတယ်
"မင်းကြောင့်"

တန်ဆာမဆင်တတ်တဲ့ စကားလုံးတွေကို
ထိုလူသားကြောင့်နဲ့ နားလည်တတ်လာတယ်
တကယ်တမ်း ချစ်ခြင်းတရားကို
အဓိပ္ပါယ်ဖွင့်ဖို့ အပိုတွေမလိုဘူးဆိုတာ

"ကျေးဇူးပါ"

သူဆက်ပြောတယ်...
ဘာလို့များလဲမေးတော့

မွေးဖွားပေးခဲ့လို့...သူ့အတွက် မွေးဖွားပေးခဲ့လို့တဲ့

အတ္တကြီးလိုက်တာကွာ...
မင်းအတွက် မွေးဖွားခဲ့တာမဟုတ်ပါဘူးလို့ တမင်စတော့...
မျက်ခုံးလေးတွေ တွန့်ချိုးပြီး မကျေနပ်ဟန်ပြတယ်

သိပ်ပြီး တည်ငြိမ်လွန်းတဲ့ ဟန်ကွမ်းကျွင်းဆိုသူဟာ
တစ်ယောက်သောသူအတွက်
အဲ့လိုလေး သိပ်ချစ်ဖို့ကောင်းလွန်းတယ်

တဟားဟားနဲ့ ရယ်သံလွင်လွင်တွေကြားလိုက်တော့မှ
ကိုယ်တော်လေးဟာ ကျီဆယ်တာကို သဘောပေါက်ရှာတယ်
အလိုက်တာကွာ....

ပြီးတော့ သက်ပြင်းဖွဖွလေးနောက်က
သူပြန်ပြောတယ်

"အတူရှိနေပေးလို့"

"အမြဲတမ်းအတွက်...ထာဝရအတွက် အတူရှိနေပေးလို့"

သူသိပ်လည်တယ်...ဒီစကားလေးတစ်လုံးနှစ်လုံးနဲ့တင်
ရုန်းထွက်မရအောင်ကို ချည်နှောင်နိုင်လွန်းတယ်

လက်ဆောင်ပေးပါလို့ ပြောလိုက်တဲ့အခိုက်
ဖွဖွလေးဆွဲကိုင်ခံရတဲ့ လက်ဖဝါးတွေဟာ သူ့ဘယ်ဘက်ရင်အုံမှာ ရပ်တန့်သွားတယ်

"မင်းဟာ"..."မင်းအပိုင်"

မပူဆာပဲ ရလိုက်တဲ့
ဒီလက်ဆောင်လေးတော့ တကယ်ကြိုက်တယ်....

နှစ်တိုင်းအတွက် ပြီးတော့ ထာဝရအတွက်
သူပေးတဲ့ လက်ဆောင်ဟာ ပြည့်စုံလွန်းတာထက် ပိုတယ်...

အဆုံးမှာ

ဆုံစည်းနေတဲ့မျက်ဝန်းတွေ နီးကပ်သွားတယ်
ပြီးတော့ သူတို့တဖန်မှေးစက်လိုက်ကြတယ်
ပန်းနုရောင်နှုတ်ခမ်းလေးတွေဟာ
တောင့်တနေကြပြီ
သူတို့အတွက်
အချိုသာဆုံးပြီးတော့ အနူးညံ့ဆုံး
မွေးနေ့ကိတ်လေးကို.......

နေမင်းကြီး ရှက်သွေးဖြာလို့
တိမ်တွေနောက်ဝင်ပုန်းတဲ့အချိန်
ရောင်ခြည်တွေတဖန် မှိန်သွားတဲ့အခါ
လက်ဖဝါးနှစ်ဖက် ဆုပ်ကိုင်လို့ဆုတောင်းမယ်

"ဘဝဆက်တိုင်း ဒီလူသားအတွက်သာ အသက်ရှင်ပါရစေ"

#yoonil

Happy Birthdayပါ ကလေးငယ်...အမြဲတမ်း ပျော်ရွှင်ရပါစေ










Love Where stories live. Discover now