Stay with me

1.8K 87 1
                                    

နူးညံ့နေတဲ့ နေရောင်နွေးနွေးလေးက......
မျက်တောင်လေးတွေကို ကျီစယ်လိုက်တော့
ချစ်ရသူလေးက နှုတ်ခမ်းလေးထော်ရင်း....
အသံတိုးတိုးလေးနဲ့ ညည်းရှာတယ်...

သွယ်သွယ်လျှလျှလက်ချောင်းလေးတွေက
လည်တိုင်ကြားမှာ ဆော့ကစားနေရှာတော့
အရှင့်သားရဲ့ ရွှေစိတ်တော်ခမျာ....
ကောင်းကင်တစ်လှည့် ငရဲပြည်တစ်လှည့်

တစောင်းလေးငဲ့ကြည်လိုက်ရှာတော့
စိုက်ကြည့်နေတဲ့ အနှီမျက်ဝန်းတွေဆုံသွားတဲ့အခါ
နှုတ်ခမ်းပါးပါးလေးက ပြုံးပြတယ်

သိပ်လှတာပဲ.....
ဒီလိုမနက်ခင်းတွေသာ နေ့တိုင်းနေ့တိုင်း
ပိုင်ဆိုင်ခွင့်ရရင် ဘယ်လောက်ကောင်းမလဲ

ညညဘက်တွေဆို
သိပ်ချစ်ရတဲ့ လက်သွယ်သွယ်လေးတွေ
ဆုပ်ကိုင်ရင်း လက်ရေးလှလှ ရေးတတ်အောင်
ကိုကိုကသင်ပေးမှာပေါ့

အကယ်၍ အိပ်ချိန်များကျော်လို့ အိပ်မပျော်တဲ့အခါ
ရင်ခွင်နွေးနွေးထဲ ထွေးပွေ့ရင်း
ကလေးအတွက် အိပ်ယာဝင်ပုံပြင်တွေ
တစ်ထောင့်တစ်ည ပြောပြမယ်လေ

နံနက်ခင်းတိုင်း......
လက်မောင်းပေါ်မှာ ခွေရင်း
မထချင်သေးတဲ့ ငပျင်းလေးကိုတော့
နှဖူးထက် အနမ်းတွေ ခြွေပြီး
အလန်းဆန်းဆုံး အပြုံးတွေနဲ့
နိုးထစေမှာပေါ့.....

လောဘကြီးတယ်ပြောပြော..... အတ္တကြီးတယ်ပြောပြော
ဒီကောင်လေးရဲ့ နေ့ရက်တိုင်းမှာ သူရှိချင်တယ်
ဒီကောင်လေး သွားရာနေရာတိုင်းသူရှိနေမယ်
သူမသိတဲ့ မှတ်ဥာဏ်ထဲ အမြဲမက်တဲ့ အိမ်မက်တွေထဲတောင်
သူရှိချင်တယ်.....

တူတူရှိနေမှ အချစ်မဟုတ်ပါဘူးတဲ့
ပိုင်ဆိုင်ရမှ အချစ်မဟုတ်ပါဘူးတဲ့...

ဟင့်အင်း.....
အဲ့လိုပုံပြင်မျိုးတွေဆို
ကိုကို ကလေးကို လုံးဝဖတ်ပြဖြစ်မယ်မထင်ဘူး.....

#yoonil






















Love Where stories live. Discover now