တစ်စုံတစ်ယောက်အတွက်

1.5K 74 3
                                    

အာဃတတွေ အငြိုးတွေနဲ့ ပြည့်နေတဲ့
အမဲရောင်ပုံရိပ်လွှာလေးဟာ....
တစ်စုံတစ်ယောက်ကိုတော့ ဖြူဖြူစင်စင်ပြုံးပြဖူးတယ်တဲ့

မှားယွင်းနေမှန်းသိလျက်နဲ့.....
တစ်နေ့ ခွဲခွာရမယ်မှန်းသိလျက်နဲ့....
သူ့အားနည်းချက်ကို အပိုင်ကိုင်ရင်း
အနားမှာ တွယ်ကပ်ချင်ခဲ့တယ်

ဝါးရွက်လေးတွေမိုးထားတဲ့ အိမ်လေးထဲမှာ
မနက်နိုးထတိုင်း ဖြူလွှလွှပုံရိပ်လေးကို
သူမြင်ရမယ်

ဈေးသွားတိုင်း ခြင်းတောင်းလေး
တလှုပ်လှုပ်နဲ့....သူ့အပါးမှာ
ခိုကပ်နေမယ်

သကြားလုံးလေးတွေ မသိအောင်လာထားတိုင်း
အပူအပင်ကင်းစွာ ရှေ့ဆက်ရမယ့် နောက်နေ့တိုင်းအတွက်
သူသိမ်းထားမယ်

ညဥ့်ခင်းအမဲလိုက်ပြီးပြန်လာတဲ့အခါ
လျှောက်လာနေကျ လမ်းကျဉ်းလေးရဲ့ထိပ်မှာ
အမြဲတမ်းစောင့်နေမယ့် ကောင်လေးရှိမယ်

ဒီအတိုင်းလေး...ဒီအတိုင်းလေးပဲ

သူ့အပေါ်ဖြူစင်လွန်းလှတဲ့ အဖြူရောင်ကြိုးလေးကို
ဆုပ်ကိုင်ထားမိချင်တယ်....သိမ်းစည်းထားချင်တယ်

မကောင်းတဲ့လူမို့ မချစ်ရဘူးလို့
ဘယ်ဆရာကများ သင်ကြားပေးလိုက်လို့လဲ

နာကျင်ရမယ်ဆိုရင်တောင်....
တစ်နေ့သူ့ကြောင့် ပျက်စီးရမယ်ဆိုရင်တောင်
အကြိမ်တစ်ရာမက လည်စင်းပြီး
ဒီလူ့လက်ထဲမှာပဲ အဆုံးသတ်ချင်တယ်......

လုပ်ခဲ့တဲ့ ဘယ်အရာကိုမှ နောင်တမရဘူး
ဘယ်အရာအတွက်ကိုမှ တောင်းပန်မှာမဟုတ်ဘူး

ဒီလူကိုပိုင်ဆိုင်ဖို့ဆို သူအရာအားလုံး လုပ်ရဲတာမလို့....

အနီးအနားမှာ နေခွင့်ရဖို့ ဘာမဆို လုပ်ရဲတာမလို့.....

#yoonil







Love Where stories live. Discover now