နှင်းဆီမိုးစက်
အပိုင်း (၁၁)
#နှင်းဆီမိုးစက်
"တိုးတိုး..."
"ဗျ..."
"စာမေးပွဲ ဖြေနိုင်လား ကလေး.."
"ဟုတ်.."
မော် လိမ္မော်သီး လေးတွေ အခွံနွှာပြီး ပန်းကန်ထဲ ထည့်ကာ တိုးတိုးအခန်းထဲကို သွားပို့ပေးရင်း မေးလိုက်သည်..။
စားပွဲပေါ်မှာ စာကြည့်နေရင်းနဲ့ အသီးပန်းကန်ကို တွေ့ချိန် ထပြေးလာသည်..။
"ကျော်ကျော် နေကောင်းရဲ့လား.."
"အမယ်...ကောင်းတာပေါ့...ပြောစမ်း...ဘာပူဆာမလို့လည်း..."
"မပူဆာပါဘူး..."
တိုးတိုးက အသီးပန်းကန် လှမ်းယူပြီး ပန်းသီးတစ်စိတ်ကို ကောက်ကိုင်ကာ နှစ်ချက်တည်းဖြင့် ၀ါးစားလိုက်တော့ မော် ပြုံးမိသည်..။
ဒီကောင်လေးလည်း ခုချိန်ထိ ကလေး စိတ်ပဲ ရှိသေးတာပဲ..။
တိုးတိုး ခြောက်နှစ်သားလောက် အရွယ်ကတည်းက မော်ပဲ အမေလို အစ်မလို ဖြစ်ခဲ့သည်...။
အဖေ့ထက် ကိုလွင်နဲ့ မော့်ကို ပိုပြီး တွယ်တာသည်..။
သူ ငယ်ငယ်တုန်းက အာခေါင်ခြစ် ငိုတိုင်း အဖေက စိတ်မရှည်လို့ ရိုက်တက်သည်..။
မော်က ခပ်မာမာပြောရင်း ချော့တက်သလို ကိုလွင်ကလည်း မိတဆိုး ညီလေးမို့ နည်းနည်း ဆူပြီးရင် အရုပ်တွေ အ၀တ်အစားတွေ ၀ယ်ပေးတက်သည်လေ..။
ဒါကြောင့်လည်း ခုချိန် အထိ ကလေးတစ်ယောက်လို ဖြစ်နေတော့တာပေါ့..။
"ငါ့ မောင်လေး ကတော့ ဆရာဝန်ကြီး ဖြစ်အောင် လုပ်နော် ကြားလား.."
"ကျော်ကျော် ပြောတော့ စိတ်ဝင်စားတာပဲ လုပ်ဆို..."
"အေးလေ....ကလေး က ဘာကိုစိတ်ဝင်စားလို့လည်း..."
"အင်း....ကိုမိုး လိုမျိုး ဆိုရင်ကော..."
"ဘာ...တော်....ဒီကောင့်အလုပ်တော့ မဖြစ်ဘူး..."
"ဟား..ဟား....ကျော်ကျော် ကလည်း အမျိုးမျိုး ပဲ ပြောတာပဲ.."
"အမျိုးမျိုး...မဟုတ်ပါဘူးကွာ...စဉ်းစားကြည့်လေ...သူ့အလုပ်က ဘယ်လောက် ခေါင်းရှုပ်လည်း.."
YOU ARE READING
နှင်းဆီမိုးစက်
Random"မိုး...တော်တော့ကွာ...မှားခဲ့တဲ့ ကိစ္စမှာ မင်းအခန်းထိ ရောက်လာတဲ့ ငါ့ဘက်က အမှား ပိုတာ သိပါတယ်...ဒါပေမဲ့ ဒီကိစ္စ ကို အကြောင်းပြ ပြီး မင်းကို အပိုင်ရဖို့ ကြိုးစားခဲ့တာ မဟုတ်ဘူး..မင်း ကို တာဝန် လည်း မယူခိုင်းခဲ့ဘူး...မင်းကို ငါ ဘာများ တောင်းဆို ခဲ့လို့လည်...