Part 15

801 74 3
                                    


နှင်းဆီမိုးစက်

အပိုင်း (၁၅)

#နှင်းဆီမိုးစက်

"ကိုမိုး...ဒီဇိုင်းတွေ ပို့လိုက်ရတော့မလား.."

"အင်း..ပို့လိုက်..အရောင်ကတော့..နီးစပ်တဲ့ သုံးရောင်ရွေးထားတယ်...သူ စိတ်ကြိုက်ရွေးပါစေ.."

"ဟုတ်ကဲ့..."

မိုးစက် တပည့်မလေး ထွက်သွားတာနဲ့ ဖုန်းနဲ့ အကျီ င်္ ကို ကောက်ယူပြီး အခန်းထဲ က ထွက်လာခဲ့လိုက်သည်..။

ကားပေါ်ရောက်တာနဲ့ ဖုန်းဝင်လာတဲ့ အပေါင်းအသင်းတွေကို အလုပ်အကြောင်းပြပြီး မလာနိုင်တော့ကြောင်း ပြောရသည်..။

အခုမှ ကိုယ့်မိန်းမ ကို  မိန်းမပြန်ပိုးနေရတာ မဟုတ်သေးပါဘူး...။

မိုးစက် ဖုန်းကို ပြန်ဖွင့်ပြီး နံပါတ်တွေကို နှိပ်ပြီးကာမှ ပြန်ချထားလိုက်သည်..။

ဖုန်းဆက်မေးရင်လည်း မအားဘူးဆိုတာ က အရင်လာမှာ သိနေသည်..။

ဘာဖြစ်လို့များ...ငါ နဲ့ ဝေးရာကို ထွက်ပြေးချင်နေတာလည်း မော်ရယ်..။

မိုးစက် ကား ကို သူတို့ ဆိုင်ရှေ့မှာ ရပ်လို့မရတော့ နေရာရှာရပြန်သည်..။

ဆိုင်ကို ရောက်သွားတော့ အောက်ထပ်မှာ သူ့အစ်ကို နဲ့ တည့်တည့်တိုးပြီး မျက်လုံးပြူးသွားသည်..။

ဈေးဝယ်သလို ဟန်ဆောင်ရင် ကောင်းမလား..။

ဆိုင်ထဲ ရောက်ပြီးပြီမို့ ကိုလွင်က တစ်ချက်လှည့်ကြည့်ကာ သူ့ အလုပ်ကိုပဲ သူဆက်လုပ်နေသည်..။

မိုးစက် အနားမှာ ရှိတဲ့ စင်ပေါ်က ဆံပင်ဖြောင့်စက်တွေကို လိုက်စပ်စုနေရသည်..။

ယောက်ဖတော်က ဖုန်းဖြေရင်း ဆိုင်အပြင်ဘက် ထွက်သွားတော့မှ သက်ပြင်းချမိသည်..။

သူ့ကားပေါ်တက်ပြီး မောင်းထွက်သွားတော့ မိုးစက် ဝမ်းသာအားရဖြင့် ကောင်တာဆီကို ပြေးရသည်..။

"ညီမ...ကျော်ကျော်..ရှိလား..."

"ဟုတ်...အခန်းထဲမှာ ရှိပါတယ်.."

မိုးစက် ခေါင်းညိတ်ပြီး ထပ်မမေးတော့ပဲ ကောင်တာ ဘေးက အခန်းတံခါးကို ဖွင့်ကာဝင်သွားလိုက်သည်..။

နှင်းဆီမိုးစက်Where stories live. Discover now