နှင်းဆီမိုးစက်
အပိုင်း (၁၉)
#နှင်းဆီမိုးစက်
"မိုးရေ....လုပ်ပါဦးဟယ်..."
"ဘာဖြစ်လို့လည်း..မာမီ..."
မိတ်ကပ်ဆရာ က မနက်စောစော မသာမယာ စကားပြောလိုက်တော့ မိုးစက် မျက်နှာကို Skincare လုပ်နေတုန်း စိတ်ပူသွားသည်..။
မနက် ၈နာရီ မှာ မိုးစက် ကို ဖုန်းဆက် ကတည်းက တစ်ခုခုဖြစ်ပြီဆိုတာ သိလိုက်သည်..။
"ဘေဘီလေ...ညနေ ရှိုးအတွက် စီစဉ်ပေးလိုက်တဲ့ အ၀တ်တွေက ၀ိုင်ပုလင်း ကွဲပြီး စွန်းကုန်လို့တဲ့..."
"အိုးဗျာ....ကုန်ပါပြီ..."
"ဟုတ်ပါရဲ့....တို့လည်း ပြောထားတယ်...နင့်ကို မိုးသတ်လိမ့်မယ်လို့...ဒါပေမဲ့ ညနေရှိုးအတွက် မစီစဉ်တက်လို့ ကူညီပါဦး ကလေးရယ်.."
"ဘန်ကောက် နဲ့ မဝေးပေမဲ့ အ၀တ်အစားတွေ စီစဉ်ရဦးမယ်လေ...အပြန်ဝတ်ဖို့ စီစဉ်ထားတဲ့ ဂါဝန် ဆိုရင်ကော..."
"အိတ်လိုက် ကုန်သွားတာပါဟယ်..."
"ကျစ်...ဒီဇိုင်နာတွေကို သူလျော်ရလိမ့်မယ်..."
"အင်း..အင်း...တို့ကို ပြောပါတယ်...လျော်ပါ့မယ်တဲ့လေ...သူ့အတွက် စီစဉ်ပေးပါနော်..ကလေး...အားကိုးပါတယ်ဟယ်..."
"ကျွန်တော် အတက်နိုင်ဆုံးတော့ ကြိုးစားပေးပါ့မယ်.."
"ကျေးဇူးတင်ပါတယ်ဟယ်.."
မိုးစက် ဖုန်းချလိုက်ပြီး တစ်ဖက် က ဒီဇိုင်နာဆီကို အကြောင်းကြားတော့ အတော်လေး စိတ်မကောင်း ဖြစ်သွားသည်..။
အနုပညာ အလုပ်ကို လုပ်တဲ့ သူတိုင်းက သူ့တို့ အလုပ်ကို မြတ်နိုးကြသူချည်းသာ..။
အခုလည်း..သူ လချီပြီး ကြိုးစားထားတဲ့ ၀တ်စုံလေး ပျက်စီးသွားတော့ အနည်းအများ ခံစားရမည်သာ..။
မိုးစက် အ၀တ်အစားတွေကို သယ်သွားဖို့ထက် ဟိုရောက်မှ ရှာဝယ်ဖို့ ဆုံးဖြတ်လိုက်ရတော့သည်..။
အဆိုတော် အတွက် ၀တ်စုံတွေ ထည့်ပေးလိုက်ကတည်း က အလုပ်ကိစ္စ ပတ်သက်မှု ပြီးသွားပေ့မဲ့ အခုတော့ စေတနာနဲ့ အကူအညီ ပေးရုံ သပ်သပ် ဖြစ်သည်..။
YOU ARE READING
နှင်းဆီမိုးစက်
Random"မိုး...တော်တော့ကွာ...မှားခဲ့တဲ့ ကိစ္စမှာ မင်းအခန်းထိ ရောက်လာတဲ့ ငါ့ဘက်က အမှား ပိုတာ သိပါတယ်...ဒါပေမဲ့ ဒီကိစ္စ ကို အကြောင်းပြ ပြီး မင်းကို အပိုင်ရဖို့ ကြိုးစားခဲ့တာ မဟုတ်ဘူး..မင်း ကို တာဝန် လည်း မယူခိုင်းခဲ့ဘူး...မင်းကို ငါ ဘာများ တောင်းဆို ခဲ့လို့လည်...