Part 23

872 67 0
                                    


နှင်းဆီမိုးစက်

အပိုင်း (၂၃)

#နှင်းဆီမိုးစက်

"လာ..."

"အင်း..."

"ဟေ့..."

မိုးစက် နဲ့ မော် နှစ်ယောက် စလုံး လန့်ပြီး တုန်သွားကာ နောက်ကို လှည့်ကြည့်တော့ ကိုလွင်က ခြေလှမ်းကြဲဖြင့် လျှောက်လာသည်..။

တော်တော်လေး ကို အပူများနဲ့ အစ်ကို မို့ မိုးစက် သူ့အစား မသက်မသာ ဖြစ်ရသည်..။

"ဘယ်ကိုလည်း.."

"နောက်ခြံကို ကိုလွင်.."

"ဘာသွားလုပ်မှာလည်း...မိုးချုပ်တော့မယ်..."

"အပင်လေးတွေ သွားပြမလို့ပါ..."

"မိုးချုပ်အောင် မနေနဲ့...မီး ရှိတာ မဟုတ်ဘူး..မြွေ တွေ့နေမယ်..."

"ဟုတ်..."

မော် က ခေါင်းညိတ်ရင်း ခြေလှမ်းသွက်သွက် လှမ်းတော့ မိုးစက်လည်း အပြေးအလွှား လိုက်သွားရသည်..။

အစ်ကို နဲ့ ညီမ လိုက်လည်း လိုက်တယ်လေ..။

မိုးစက် တို့ အိမ်မှာ အငယ်ဆုံး ဖြစ်တဲ့ မိုးစက် က ဘယ်သူ့ကို မှ သံယောဇဉ် မတွယ်သလို အားလုံးကလည်း မိုးစက် ကို အလေး အနက်မထားခဲ့ပါ..။

မော် ခေါ်သွားတဲ့ နောက်ဘက် ဆိုတဲ့ နေရာက ဂိုဒေါင် နဲ့ ခြံစည်းရိုး စပ်ကြားမှာ ဆယ်ပေပတ်လည် ရှိမည့် မြေကွက်လပ်တစ်ခု ဖြစ်သည်..။

ပျိုးထုတ်ထဲမှာ စိုက်ထားတဲ့ သဘောင်္ပင် နှစ်ပင် က မိုးစက် ခါးကျော်လောက်ဖြစ်နေပြီ...။

အပင်ပေါက်စ ခေါင်းပြူနေတာလေးတွေလည်း တွေ့ပေမဲ့ ဘာပင်မှန်းတော့ သေချာမသိ..။

"တွေ့လား...ဟိုအပင်က..မုန်လာဥနီ...ငါ မနည်း စိုက်ထားရတာကွ..."

"ဖြစ်ပါ့မလား..."

"အပင် သိပ်တော့ မကြီးဘူး..သူ့နေရာဒေသ မဟုတ်လို့ဖြစ်မယ်..."

"ဒါဘာတွေလည်း..."

"အဲဒါ ရှမ်းနံနံ့ပင်...ဒီဘက် တရုတ် နံနံ ပင်...ဒီဘက်က မြန်မာ နံနံပင် "

နှင်းဆီမိုးစက်Where stories live. Discover now