နှင်းဆီမိုးစက်
အပိုင်း (၁၃)
#နှင်းဆီမိုးစက်
"မော်...မင်း တွေ့လား...ကောင်မလေး ကို ဂစ်တာ တီး သီချင်းဆိုပြနေတယ်.."
ထမင်းစားပြီး ကော်ဖီဆိုင်ကို ထပ်သွားကာ တစ်ခု ထပ် စလာပြန်ပါပြီ..။
မော့်ရဲ့ နောက်ကျော ဘက်မို့ ခေါင်းငှဲ့ကြည့်လိုက်တော့ ကောင်လေး က ဂစ်တာတီးရင်း သီချင်းဆိုလိုက် ပြုံးပြလိုက်ဖြင့် မျက်နှာ အမူအယာဖြင့် အလုပ်များနေပုံရသည်..။
တစ်လောကလုံးမှာ သူ့ကောင်မလေး တစ်ယောက်တည်း ရှိသလို စားပွဲ တစ်ခုက ကောင်မလေး တစ်ယောက်တည်းကိုပဲ ငေးကြည့်နေသည်..။
ကောင်မလေး ကလည်း ပတ်ဝန်းကျင်ကို သတိမထားနိုင်လောက်အောင်ကို ပြုံးပျော်နေသည်..။
ဒီလောက်ချစ်တက်တဲ့ ကောင်လေး ရှိတာ သူ့ကိုယ်သူ ဂုဏ်ယူသင့်ပါသည်..။
မော် ပြုံးရင်း အကြည့်ပြန်လွဲလိုက်ကာ ရှေ့က မသောက်ရသေးတဲ့ ကော်ဖီခွက်ကို စိတ်ဝင်တစား ငုံ့ကြည့်မိသည်..။
သစ်ရွက် ပုံစံလေး ဖော်ပေးထားတာက လက်ရာမြှောက်လို့ ပုံသဏ္ဍန် ပြောင်းသွားမှာ စိုးရိမ်နေသည်..။
"မသောက်ဘူးလား.."
"ငါ..ဒီပုံကို ကြိုက်လို့လေ...မသောက်တော့ဘူး..."
"ကျော်ကျော်...မင်း..စိတ်က ပုံမှန်ပါနော်.."
သူ့ဘက်က နူးညံ့ပျော့ပျောင်းနေရင် မော် လို့ ခေါ်ပေမဲ့ စိတ်ထဲ မကြည်မလင် ဖြစ်လာရင် ကျော်ကျော်လို့ ခေါ်တက်သည်..။
မော် တစ်ချက်ရယ်လိုက်ကာ ဖုန်းကို ကောက်ယူ၍ ထိုင်ရာက ထမိသည်..။
"မရူးပါဘူးကွာ...ပြန်တော့မယ်...ငါ ဆိုင် သွားရဦးမယ်..."
"မင်း ကလေ..စကားပြောနေရင်း..ထားပြေးတာ တစ်ခါမကတော့ဘူး...ဘာဖြစ်တာလည်း.."
"ဟ...မင်းက အားပေမဲ့...ငါမအားဘူးကွ...ပြန်မယ်..."
"အေးပေါ့...အေးပေါ့...မင်းအချိန်ပဲ.."
မော် ပိုက်ဆံအိတ်ကို လွယ်လိုက်ကာ ရယ်ရင်း သူ့ပခုံးကို ရိုက်၍ ထွက်လာခဲ့လိုက်သည်..။
YOU ARE READING
နှင်းဆီမိုးစက်
Random"မိုး...တော်တော့ကွာ...မှားခဲ့တဲ့ ကိစ္စမှာ မင်းအခန်းထိ ရောက်လာတဲ့ ငါ့ဘက်က အမှား ပိုတာ သိပါတယ်...ဒါပေမဲ့ ဒီကိစ္စ ကို အကြောင်းပြ ပြီး မင်းကို အပိုင်ရဖို့ ကြိုးစားခဲ့တာ မဟုတ်ဘူး..မင်း ကို တာဝန် လည်း မယူခိုင်းခဲ့ဘူး...မင်းကို ငါ ဘာများ တောင်းဆို ခဲ့လို့လည်...