zawgyi
"တလမ်းလုးံဖျားလာတယ်ဆို ရှား.. အဲ့ဒါကြောင့် မျက်စိကွယ်ရာ နားကွယ်ရာ ဘယ်ကိုမှမလွတ်ချင်တာ.. သွားချင်ဦးလေ..ထပ်သွားဦး..သွား"
ကားရပ်ရပ်ခြင်း အိမ်ထဲက အပြေးထွက်လာပြီး ဂရုဏာဒေါသောနှင့် ရေရွတ်နေသည့်မမကြီး ။
ရှားမှာ မမကြီးရေရွတ်နေတာကို ဂရုမစိုက်အား ။ အနားရောက်လာသည့် မမကြီးရင်ခွင်ထဲ ခိုဝင်လိုက်မိသည် ။ရှားအတွက် အမြဲတမ်း နွေးထွေးလုံခြုံနေတဲ့ရင်ခွင် ။ အချိန်မရွေး ရှားအတွက် ဖွင့်ထားတဲ့ရင်ခွင် ။ ဒီရင်ခွင်ငယ်လေးက ရှားအတွက် ကမ္ဘာကြီးတခုလုးံပါ မမကြီးရယ် ။ခုတခါ ရှားဖျားရတာက စကားလုးံကြမ်းတွေရဲ့ လေစိမ်းမိလို့မဟုတ်ဘဲ ချစ်ခြင်းမေတ္တာ လေပြည်အေးမှာ အအေးမိ ခဲ့တာကြောင့်ဆိုရင် မမကြီး ရှားကို ခွင့်လွှတ်ပါ့မလား ။
ပြီးတော့ ရှားအတွက် အမြဲနွေးထွေးနေတဲ့ ရင်ခွင်ထဲခိုလှုံရင်း တပါးသော ရင်ခွင်ငယ်တစ်ခုကို စိတ်မှန်းနဲ့ လွမ်းနေတယ်ဆိုရင်ကော ။
ရှားလေ မမကြီးရဲ့ အစီအစဉ်တွေကို သိထားပါရဲ့နဲ့ တခါလောက်လေး နှလုးံသားရဲ့ အလိုဆန္ဒကို လိုက်မိရင် ရှားအတွက်ကော သူ့အတွက်ကော တရားပါ့မလား မမကြီးရယ် ။ မမကြီးခင်းပေးတော့မဲ့ လမ်းတလမ်းရဲ့ အစမှာ မတ်တပ်ရပ်နေရရင်း အပြိုင်လမ်းတလမ်းကို infinity မှာတောင် မဆုံနိုင်မယ်မှန်းသိရဲ့နဲ့ အဲ့ဒီ လမ်းကလေးပေါ်ကို ရှားရဲ့ စိတ်ကိုပို့ထားလို့ရမလား ။
ရှားရဲ့ ခန္ဓာကိုယ်ကတော့ မမကြီးရဲ့ အမိန့်တွေအောက်မှာ မမကြီး စိတ်ချမ်းသာမှုအောက်မှာ ရှား ဘဝအေးချမ်းသာရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ တသွေမတိမ်း အမိန့်တွေကို နာခံနေမယ်လေ ။
ရှားကို ခွင့်လွှတ်ပါတော့ မမကြီးရယ် ။ အရိပ်ကလေးအဖြစ်တောင် ငြိတွယ်မိခဲ့တာ အခုအကောင်အထည်မြင်ခဲ့ရတော့ ရှားအဲ့ဒီ သံယောဇဉ်ကြိုးလေးကို ဖြတ်တောက်ပစ်ဖို့ အင်အားမရှိတော့လို့ပါ ။
YOU ARE READING
အိပ်မက် မက်သူ
Romancestraight ဆိုတဲ့ မျဉ်းဖြောင့်တကြောင်းကို ဆွဲဆောင်ကောက်ကွေ့ ပစ်လိုက်နိုင်တာ သံယောဇဉ်ဆိုတဲ့ ကြိုးတချောင်းဘဲ ။ အနေနီးတာတွေ ၊ချောမောလှပမှုတွေ၊ အကြည့်တချက်တွေ မပါဝင်ဘဲ စိတ်ကို စိတ်နဲ့ ရစ်ပတ်ဆွဲဆောင်နိုင်တဲ့အခါ တဘဝစာအတွက် ဖူလုံတဲ့ ချစ်ခြင်းမေတ္တာဟာ ထုထည်ကြ...