zawgyi
အခန်းပေါက်ဝက လူခေါ်ခေါင်းလောင်းကို တုန်ရီနေသောလက်နဲ့ နှိပ်လိုက်မိရင်း အရင်အချိန်တွေကို ပြန်အမှတ်ရမိသည် ။ အထဲကခြေသံကို နားစွင့်နေရင်း ရင်တထိတ်ထိတ် ။ သူဘယ်လိုပုံစံမျိုးနဲ့ ရှားကိုကြိုမှာလဲ ။
တံခါးနှစ်ချပ်လုံးပွင့်သွားပြီး သူကဘာတခွန်းမှ မပြောဘဲခပ်တည်တည်ပင် ပြန်ဝင်သွားသည် ။ ရှားနေရာမှ မရွေ့သေးဘဲ ရပ်နေမိသည။်
”ဝင်လာခဲ့လို့ရတယ်....”
ခပ်ဆတ်ဆတ်လေသံကြောင့် ရှားတထိတ်ထိတ်ခုန်လာတဲ့ရင်ကို အတတ်နိုင်ဆုးံထိန်းပြီး အခန်းထဲသို့ လှမ်းဝင်လိုက်မိသည် ။
”တံခါးပြန်ပိတ်ခဲ့…”
ဧည့်ခန်းဆိုဖာတွေဆီ လျောက်သွားနေရင်း ထပ်ပြောသည် ။ အခန်းတံခါးပိတ်ပြီး အထဲဝင်ရင်း အခန်းကို ရှားဝေ့ကြည့်လိုက်မိသည် ။ ဘာမှမပြောင်းလဲ ။ အရင်တုန်းကအတိုင်း သင်တန်းခန်းအဖြစ်တည်ရှိနေဆဲ ။
”ထိုင်ပါ..ဘယ်လိုသင်တန်းမျိုး တက်ချင်တာလဲ…”
လေသံကိုနည်းနည်းလောက်လျော့ပေးလို့မရဘူးလားအလင်းရယ် ။ ရှား တလှိုက်လှိုက်တက်လာတဲ့ ဝမ်းနည်းစိတ်ကို မြိုချပြီး အသံကို လည်ချောင်းထဲမှ အတင်းညှစ်ထုတ်လိုက်သည် ။
”ဖက်ရှင်ဒီဇိုင်းပညာကို အခြေခံကစပြီး သင်ချင်တာပါ…”
”ဝမ်းဘိုင်ဝမ်းဆိုတော့သင်တန်းခကဈေးကြီးမယ်..စည်းကမ်းချက်လည်းများမယ်.. ခဏစောင့်.. စည်းကမ်းချက်တွေပြပေးမယ်...”
ခဏကြာတော့ ရှားရှေ့ကို စာရွက်တရွက်၊ ရေတစ်ခွက်နှင့် တစ်ရှူးဘူးလေးရောက်လာသည် ။ ရှားဟန်မဆောင်နိုင်တော့ ။ ရေခွက်ကို တုန်ရင်နေသောလက်နှစ်ဖက်နှင့်ကိုင်ပြီး အကုန်အစင်မော့သောက်လိုက်မိသည်။ တစိမ့်စိမ့်ထွက်လာသည့်ချွေးတွေကို တစ်ရှူးနှင့်သုတ်ပြီးမှ စာရွက်လေးကို လှမ်းယူလိုက်သည် ။ သူကတော့မထိုင် ။ ခပ်လှမ်းလှမ်းက စာပွဲတလုးံကိုမှီရပ်ပြီး ရှားကိုကြည့်နေသည် ။
YOU ARE READING
အိပ်မက် မက်သူ
Romancestraight ဆိုတဲ့ မျဉ်းဖြောင့်တကြောင်းကို ဆွဲဆောင်ကောက်ကွေ့ ပစ်လိုက်နိုင်တာ သံယောဇဉ်ဆိုတဲ့ ကြိုးတချောင်းဘဲ ။ အနေနီးတာတွေ ၊ချောမောလှပမှုတွေ၊ အကြည့်တချက်တွေ မပါဝင်ဘဲ စိတ်ကို စိတ်နဲ့ ရစ်ပတ်ဆွဲဆောင်နိုင်တဲ့အခါ တဘဝစာအတွက် ဖူလုံတဲ့ ချစ်ခြင်းမေတ္တာဟာ ထုထည်ကြ...