zawgyi
လေးပင်နေတဲ့ မျက်ဝန်းကို အားယူပြီးဖွင့်လိုက်သည် ။ ရင်းနှီးနေတဲ့ အငွေ့အသက် ၊ နွေးထွေးစွာဆုပ်ကိုင်ထားတဲ့ လက်တစ်စုံ ၊ စိုးရိမ်တကြီးကြည့်နေတဲ့မျက်ဝန်းတွေ။
ဘာတွေဖြစ်ခဲ့တာလဲ ။ မျက်ဝန်းပြန်ပိတ်ပြီး လွန်ခဲ့တဲ့အချိန်တွေကို ပြန်ပုံဖော်ကြည့်မိသည် ။ မျက်ဝန်းထဲမှာ အစီအရီပေါ်လာတဲ့စာသားတွေ။
အလင်း.....သူစိတ်ပူနေတော့မှာ ။"ညီမလေး...သတိရပြီနော်....စိတ်ပူလိုက်ရတာကွယ်....စိတ်ပင်ပန်းတာတွေအရမ်းများနေလို shock ရသွားတာတဲ့...လောလောဆယ်ဘာမှမတွေးနဲ့တော့ .... နေကောင်းအောင်နေနော်..."
နူးညံ့ညင်သာနေတဲ့ မမကြီးအသံ ။ ဝမ်းနည်းစိုးရိမ်နေတဲ့ မျက်ဝန်းတွေ...။ ရှား မမကြီးရင်ခွင်ထဲ တိုးဝင်ဖက်တွယ်ပြီး ဝမ်းပန်းတနည်း ရှိုက်ငိုလိုက်မိသည် ။ ဟောဒီရင်ခွင်ကို ထားခဲ့ပြီး ရှားဘယ်လိုအင်အားတွေနဲ့ ထွက်ခွာရပါ့မလဲ ။
နူးညံ့ညင်သာပေမဲ့ ချုပ်ကိုင်နိုင်စွမ်းအားတွေ အပြည့်ပါနေတဲ့ စကားသံတွေကိုကော ရှား ဘယ်လိုအင်အားနဲ့ လွန်ဆန်နိုင်ပါ့မလဲ ။တီလေးက ရှားတို့ညီအစ်မယောက်ကိုကြည့်ပြီး ဘေးကနေအသံတိတ်ငိုရှိုက်နေသည် ။ ရှားကြောင့် မိသားစုဝင်တွေ ကျရတဲ့ မျက်ရည်က ခုထိမစဲသေး ။ ဘယ်ချိန်ထိရှားကြောင့် ဒီမျက်ရည်တွေကို ဆက်ကျဆင်းစေရဦးမှာလဲ ။
သူ...သူကော...အလင်း ။ အဝေးကနေ စိတ်ပူနေမည့်သူ့ကို ရှားသတိရသွားသည် ။
" မမကြီးး...ရှားဖုန်းကော... "
"ခုမှသတိရတာကို ကလေးရယ်...ဖုန်းမကိုင်ပါနဲ့ဦး...ရှားဖုန်းကမမကြီ်သိမ်းထားပေးတယ် ...နေကောင်းမှပြန်ပေးမယ်...ခုပြန်အိပ်လိုက်ဦးနော်..."
ချိုသာပေမဲ့ ပြတ်သားနေတဲ့လေသံ ။ ရှားသိတာပေါ့ ။ ရှားဖုန်းလေး ပြန်မရနိုင်တော့ဘူးဆိုတာ ။ သူ့ကိုရှား ဘယ်လိုဆက်သွယ်ရမလဲ ။
DU LIEST GERADE
အိပ်မက် မက်သူ
Romantikstraight ဆိုတဲ့ မျဉ်းဖြောင့်တကြောင်းကို ဆွဲဆောင်ကောက်ကွေ့ ပစ်လိုက်နိုင်တာ သံယောဇဉ်ဆိုတဲ့ ကြိုးတချောင်းဘဲ ။ အနေနီးတာတွေ ၊ချောမောလှပမှုတွေ၊ အကြည့်တချက်တွေ မပါဝင်ဘဲ စိတ်ကို စိတ်နဲ့ ရစ်ပတ်ဆွဲဆောင်နိုင်တဲ့အခါ တဘဝစာအတွက် ဖူလုံတဲ့ ချစ်ခြင်းမေတ္တာဟာ ထုထည်ကြ...