zawgyiအတူတူနိုးထခွင့်ရတဲ့ မနက်ခင်းတခု ။ အိပ်မက်ဆိုးတွေ မရှည်လျားတော့ ညတာကတိုလွန်းနေပြန်သည် ။ ရှားတညလုးံ သူ့လက်မောင်းကိုခေါင်းအုံးထားတော့ သူလက်မောင်းနာနေတော့မှာ ။ ခါးပေါ်ကသူ့လက်ကို အသာဖယ်ချစဉ် တိုးဖက်လာသည့်အထိအတွေ့။
”နိုးပြီလား ...မကလေး စောသေးတယ်လေ... ”
”ဟင့်အင်း...မအိပ်နိုင်တော့ဘူး...ညောင်းပြီ.. ”
အသာရုန်းထွက်ပြီး တဖက်အခန်းမှာ အိပ်နေသည့် မေတို့နှစ်ယောက်ကို သွားနိုးရသည် ။
” ပိတ်ရက်လေးအိပ်ရတာကို မနှောင့်ယှက်ပါနဲ့မိရှားရေ...နင့်ဖာသာ အချစ်ကြောင့်ကြည်လင်းလန်းဆန်းနေရင်လည်း ကိုယ့်အချစ်နားကိုယ်ကပ်နေ အဲ့လောက်အစောကြီးရှိသေးတာ...အိပ်ပါရစေကျေးဇူးရှင်ရေ... ”
အိပ်ချင်မူးတူး ဗလုံးပထွေး အော်နေတဲ့ မေ့အသံ ။
”အိပ်ပါစေ မကလေးရဲ့ ရေအရင်ချိုးလိုက်လေ...ပြီးရင်ကိုယ်တို့ဈေးသွားမယ်နော်...မမမေတို့ကိုထားခဲ့လိုက်မယ်..ဒီနေ့ကိုယ်ကလက်စွမ်းပြချက်မှာမို့ မကလေးက မနေ့ကကိုယ့်လို အနောက်ကနေလိုက်နှောင့်ယှက်လေနော်...ကလဲ့စားပြန်ချေခွင့်ပြုတယ် သိလား.... ”
” နစ်နာနေပါဦးမယ် လင်းရဲ့... တကယ်ပါဘဲ.. ”
ရှားဘဝအတွက် ရွှေ လိုအချိန်တွေပါဘဲ ။ ဘယ်အရာနဲ့မှ ချိန်စက်လဲလှယ်ယူလို့ ပြန်မရနိုင်မဲ့ အချိန်တွေ ။ အိပ်မပျော်ဘဲ ပြန်အိပ်မက်မက်ကြည့်နိုင်မဲ့ အဖိုးတန်အမှတ်တရတွေ ။
ဘဝရဲ့ အချိန်တော်တော်များများ နာကျင် မှုတွေနဲ့အသက်ရှင်နေခဲ့ရပေမဲ့ ဒီလိုအချိန်မျိုးလေး တခဏပိုင်ဆိုင်လိုက်ရတာ အားတင်းရှင်သန်နေခဲ့ရခြင်းဟာ တန်ပါတယ်လို့ ရှားတွေးပစ်လိုက်သည် ။
YOU ARE READING
အိပ်မက် မက်သူ
Romancestraight ဆိုတဲ့ မျဉ်းဖြောင့်တကြောင်းကို ဆွဲဆောင်ကောက်ကွေ့ ပစ်လိုက်နိုင်တာ သံယောဇဉ်ဆိုတဲ့ ကြိုးတချောင်းဘဲ ။ အနေနီးတာတွေ ၊ချောမောလှပမှုတွေ၊ အကြည့်တချက်တွေ မပါဝင်ဘဲ စိတ်ကို စိတ်နဲ့ ရစ်ပတ်ဆွဲဆောင်နိုင်တဲ့အခါ တဘဝစာအတွက် ဖူလုံတဲ့ ချစ်ခြင်းမေတ္တာဟာ ထုထည်ကြ...