zawgyi
အိပ်မက်ကလေးတော့မဟုတ်ခဲ့ပါဘူး ။ ဒါပေမဲ့ အချိန်တန်တော့လည်း နိုးထခဲ့ရတာပါဘဲ ။ အိပ်နေချိန်မက်တဲ့အိပ်မက်တွေက စိတ်ကလေးဘဲ အားစိုက်ရပေမဲ့ မအိပ်ဘဲ မက်ခဲ့ရတဲ့အိပ်မက်တွေက စိတ်ရောကိုယ်ပါ ပင်ပန်းတယ် ။
အရမ်းစိတ်ပင်ပန်းစေတဲ့ အရာတွေကြုံလာပေမဲ့ နိုးထနေရဲ့နဲ့မက်တဲ့အိပ်မက်တွေက ရုန်းထွက်လွတ်မြောက်ခွင့်မရှိဘူးလေ ။
ဆက်ပြီးရင်ဆိုင်ကြယုံပေါ့ ။ အိပ်မက်ကလေးရေ..။ သိပ်လှတဲ့အပိုင်းတွေကို မှတ်ညဏ်အကန့်တနေရာမှာ သေချာသိမ်းထားတယ် ။ ဝင်ပေါက်တံခါးသော့ကိုတော့ မင်းနာမည်နဲ့မှ ဖွင့်နိုင်မယ် ။
ရှားရတု❣❣
-+-+-+-+-+-+-+-+-+ခရီးကပြန်ရောက်တော့လည်း နိစ္စဓူဝနေ့ရက်တွေထဲ ပုံမှန်အတိုင်း စီးမျောကြရပြန်သည် ။
သူနဲ့ရှားရဲ့ဆက်ဆံရေးက ပို၍တွယ်ငြိကာ လိုင်းပေါ်မှာ ပို၍မခွဲနိုင်မခွာနိုင်ဖြစ်လာရသည် ။အိမ်ရောက်တာနဲ့ လုပ်စရာတွေကုန်ပြီဆိုရင် ရှားအခန်းအောင်းလေပြီ ။
" မကလေးရေ..လွမ်းလိုက်တာကွာ... ကိုယ်လေ သင်တန်းဖွင့်ရက်ကိုတောင် နောက်ဆုတ်ထားတယ်သိလား......"
"ဘာဖြစ်လို့လဲ အလင်းလေးရဲ့...နေမကောင်းဘူးလား ..."
"လူကနေကောင်းတယ် မကလေးရဲ့... စိတ်ကနေမကောင်းတာ... ကိုယ့်အိမ်ထဲမှာ မကလေးရဲ့ အရိပ်အငွေ့တွေ...မကလေးရဲ့ခြေရာလက်ရာလေးတွေကြည့်ပြီး ကိုယ်လွမ်းနေတာ... သင်တန်းသူတွေရောက်လာရင် မကလေးရဲ့ အငွေ့အသက်တွေပျောက်သွားမှာစိုးလို့ သင်တန်းဖွင့်ရက်ကို နောက်ဆုတ်ထားတာ....."
ရှားမှာသူ့ကို တုန့်ပြန်စရာစကားလုးံမရှိခဲ့။ ရှားလည်း သေမလောက်လွမ်းနေတာပါဘဲ ။
YOU ARE READING
အိပ်မက် မက်သူ
Romancestraight ဆိုတဲ့ မျဉ်းဖြောင့်တကြောင်းကို ဆွဲဆောင်ကောက်ကွေ့ ပစ်လိုက်နိုင်တာ သံယောဇဉ်ဆိုတဲ့ ကြိုးတချောင်းဘဲ ။ အနေနီးတာတွေ ၊ချောမောလှပမှုတွေ၊ အကြည့်တချက်တွေ မပါဝင်ဘဲ စိတ်ကို စိတ်နဲ့ ရစ်ပတ်ဆွဲဆောင်နိုင်တဲ့အခါ တဘဝစာအတွက် ဖူလုံတဲ့ ချစ်ခြင်းမေတ္တာဟာ ထုထည်ကြ...