Zawgyi
”ထင်လင်းရေ..သမီးမမတွေကို သေချာခေါ်လည်လိုက်နော်..တီတီ စိတ်ချမယ်နော်သမီး.. ကဲ ကြာကြာလည်ရအောင် သွားကြတော့..ကားပေါ်ရောက်မှ မိတ်ဆက်ကြ ”
နာမည်လေးတောင်မိတ်ဆက်မပေးလိုက်တဲ့ တီငယ် ။ကားနားအထိတော့ လိုက်ပို့ရှာပါသည် ။ကားနောက်ခန်းမှာ သုးံယောက်အတူထိုင်ကြသည် ။ ကားမူးတတ်တဲ့ မေကဘေးမှာထိုင်ပြီး ရှားကလည်း အလယ်မှာ မထိုင်ချင်သောအခါ သူကအလိုလိုပင် အလယ်မှာထိုင်ပြီးသား ဖြစ်သွားရလေသည် ။
”ညီမကိုတော့ သိပြီးသားထင်တယ်နော်.. ထင်လင်းသာပါ..မမတို့နှစ်ယောက်ထဲက တီတီ့တူမက ဘယ်တယောက်လဲဟင်”
ရှားမှာ စိတ်လှုပ်ရှားမှုကြောင့် ဘာအသံမှ ထွက်မလာ ။ မေက ရှားကိုလှမ်းကြည့်ပြီး အခြေအနေကို ရိပ်မိသွားဟန်နဲ့ အဖြေပေးသည် ။
”ဒို့ကမေပါ ..ဟိုဘက်ကတယောက်က ရှားတဲ့.. သူကတီငယ့်တူမလေ.. ”
”ရှား”
သူက ရှားဘက်ကိုခေါင်းငဲ့ကြည့်ရင်း ခပ်တိုးတိုးရေရွတ်သည် ။ ရှားရဲ့ acc name”ရှားရတု ”နဲ့ ခု ”ရှား”ဆိုတဲ့ နာမည်အဖျားဆွတ်ကို သူမဆက်စပ်မိလောက်ပါဘူးနော် ။ ရှားတွေးနေတုန်း သူ့ဆီကထပ်ထွက်လာတဲ့စကားသံက ရှားကို တုန်လှုပ်စေသည်။
”ဒါနဲ့ မမရှားနဲ့ လင်းနဲ့က အရင်က လုးံဝ မဆုံဖူးပါဘူးနော်”
ရှားဦးခေါင်းကိုသာ ခါရမ်းပြလိုက်မိသည် ။
”ထူးဆန်းလိုက်တာ မနေ့က အအေးဆိုင်ထဲမှာ မမရှားကို တွေ့တွေ့ခြင်းမိတ်ဆွေဟောင်းတယောက်ကိုတွေ့လိုက်ရသလို စိတ်ထဲမှာ အရမ်းရင်နှီးနေတာ ယောင်ပြီး နုတ်ဆက်မိမလိုတောင်ဖြစ်သွားသေးတာ.. မမငမ်း အဲ့ မမအကြည့်တွေကြောင့်သာ အသိမဟုတ်ဘူးဆိုတာ တွေးမိပြီး လာမနုတ်ဆက်ဖြစ်တော့တာ”
أنت تقرأ
အိပ်မက် မက်သူ
عاطفيةstraight ဆိုတဲ့ မျဉ်းဖြောင့်တကြောင်းကို ဆွဲဆောင်ကောက်ကွေ့ ပစ်လိုက်နိုင်တာ သံယောဇဉ်ဆိုတဲ့ ကြိုးတချောင်းဘဲ ။ အနေနီးတာတွေ ၊ချောမောလှပမှုတွေ၊ အကြည့်တချက်တွေ မပါဝင်ဘဲ စိတ်ကို စိတ်နဲ့ ရစ်ပတ်ဆွဲဆောင်နိုင်တဲ့အခါ တဘဝစာအတွက် ဖူလုံတဲ့ ချစ်ခြင်းမေတ္တာဟာ ထုထည်ကြ...