Secret

2.5K 109 4
                                    

""""""""""""""

""""""""""""""""""""""

"ထွက်သွား.....ထွက်သွားလို့ မင်းကို
ငါပြောနေတယ်လေ....ဘာလဲ
စကားမပြောနိုင်တာအပြင် နားပါကန်း
သွားပြီလား....."

မထူးဆန်းတော့ပါ..Accident ဖြစ်ပြီး
ကတည်းက...သူ့စိတ်တွေကြမ်းတမ်းသွား
လိုက်တာ အရင်တုန်းက သူနဲ့
တစ်ယောက်ထဲ မဟုတ်တော့သည့်အတိုင်း

"ငါ့ကို အဲ့လိုမျက်လုံးမျိုးနဲ့မကြည့်နဲ့
Krist မင်းလိုကောင်က ငါ့ကို
သနားစရာမလိုဘူး..."

မကြည့်နဲ့ဆိုတော့လည်း ခေါင်းငုံ့ထားရုံပေါ့...လက်ထဲက
ဆေးခွက်နဲ့ရေခွက်ကိုတော့ သူ့လက်ထဲ
အတင်းထိုးထည့်နေရင်ပေါ့လေ

"မင်း... မင်းတော်တော်ရှူပ်တဲ့ကောင်
ပေး..ပြီးရင်ထွက်သွား..."

"""""""""""""

အထက်ပါ ဖြစ်ရပ်တို့သည်...
Sing ၏ လက်ထပ်ပွဲမတိုင်မှီ
နှစ်ပတ်လောက် အလိုတွင်စသည်..
ချင်းမိုင် မှာရှိတဲ့မိသားစုထံ
မင်္ဂလာ ပွဲအတွက် လိုအပ်တာတွေစီစဉ်
ပေးပြီး ဘန်ကောက်အပြန်
ဘရိတ်ပေါက်လာသော....လော်ရီကားကြီးနဲ့ အဆုံ.....

ကားပေါ်မှ ခုန်ထွက်ခဲ့ကြတဲ့လူနှစ်ယောက်
တစ်ယောက်က လမ်းဘေးရှိသစ်ပင်နဲ့
ခါးနဲ့ရိုက်မိကာ ခါးရိုးဆစ်ထိခိုက်ကာ
လမ်းမလျှောက်နိုင်တော့..
တစ်ယောက်ကတော့
ဘယ်အရာနဲ့ ဆွဲခြစ်မိသည်မသိ
လည်ပင်းမှာ ဒဏ်ရာနှင့်
အသံအိုးထိခိုက်ကာ စကားမပြောနိုင်တော့....
ဘယ်သူကပိုကံဆိုးသလဲ......

"""""""""""""""""""""
"""""""""""""""""""""

တရေးနိုး အိမ်သာသွားချင်လာမို့
ဘေးကုတင်က krist ကိုနိုးဖို့ကြံရသည်
ကိုယ့်ဘက်စောင်းပြီးအိပ်နေတာမို့
လည်ပင်းက အမာရွတ်ရာရေးရေးလေး
ငယ်ကတည်းကနေခုထိ
ကိုယ့်မိဘထက်တောင်ပို၍ကိုယ့်အနား
ရှိနေပေးခဲ့သော သူငယ်ချင်းလေး...

ထွက်သွားလိုက်ပါတော့လား krist
ရယ် ချစ်လှပါချည်ရဲ့ဆိုတဲ့ ငါ့ချစ်သူ
ကတောင် ငါ့ကို ပစ်ထားခဲ့ပြီလေမင်းကဘာလို့လဲ...

အနည်းငယ်လူးလွန့်လာမှ
ကိုယ့်လက်က သူ့ရဲ့အမာရွတ်ပေါ်
ပွတ်သပ်ပေးနေမိခဲ့တာကို အသိဝင်လာ
သည်
အအိပ်ဆတ် တဲ့အရူးကောင်က
နိုးလာတာမို့

Secret (Completed)Where stories live. Discover now