""""""""""""""""""""
"""""""""""""""""""""
"ဟင့်အင်း.....မလာနဲ့...မလာနဲ့နော်
ဖေဖေ.......လာပါ....ဖေဖေ...."အိမ်မက်ယောင်ကာ အော်နေသော
Sing ကြောင့် အိပ်နေရာမှ ကမန်းကတန်း ထရသည်..
အသံထွက်ပြီး နိုးလို့လဲမဖြစ်တာမို့
လူကိုပဲ ဆွဲထူလိုက်ရတော့သည်..."အစ်.....အအ...အစ်"
သူ့မျက်နှာကို လက်ဖဝါးနှစ်ခုကြား
ညှပ်ကိုင်ကာ နိုးဖို့ကြိုးစားနေသော
Krist.....တစ်အစ်အစ်နဲ့ အသံက
ထွက်နေလိုက်သေး....
အတင်းပင်ဆွဲဖက်လိုက်မိတော့သည်Krist မင်းကအကောင်းဆုံးပဲ....
မင်းက ငါ့အနားအမြဲရှိနေခဲ့တဲ့သူxxxxxxxxxxxx
xxxxxxxxxxxxxxxxxxx
တစ်ယောက်နဲ့တစ်ယောက်
ရိုက်လိုက်ပုတ်လိုက်နဲ့
ကျီစယ်နေကြတဲ့ လူနှစ်ဦး
လက်ဟန်ခြေဟန်တွေ ရှူပ်ရှက်ခပ်
နေအောင်လုပ်ပြနေရင်း ရယ်မောနေ
လိုက်ကြပုံများ......အရင်ကဆို ကိုယ့်ဘေးနား ရုပ်တည်ကြီးနဲ့
ရုံးကဝန်ထမ်းတွေကပင် ရေခဲလူသား
လို့နာမည်ပြောင်ပေးထားခံရသော
Krist မဟုတ်သလို
ကိုယ်နဲ့ဆိုရင် ရယ်တတ်ပြုံးတတ်ပေမယ့်
ဒီလိုဟက်ဟက်ပက်ပက် တော့မရယ်
ခဲ့ဖူး.....အချစ်က ဒီလိုလှပစေတဲ့အရာတဲ့
လား.....ငါ မနာလိုလိုက်တာ krist ရာသူများတွေသာယာနေတာကို
ကြည့်မနေချင်တော့တာမို့
Laptop ကိုဆွဲယူကာ စာရင်းတွေပဲ
စစ်နေလိုက်သည်
မကြာပါ.....မျက်စိရှေ့ရောက်လာသော
Krist နဲ့ Nam လက်ထဲမှာက
ပန်းကန် တစ်ချပ်နှင့်"Sing မြည်းကြည့်ဦး Sing ကဒီမုန့်ကြိုက်
တယ်လို့ Kit ကပြောလို့ အိမ်ကလုပ်လာ
တာ"ကြည့်လိုက်တော့ ခရမ်းရောင်မုန့်ဝိုင်းဝိုင်း
လေးတွေ မုန့်နာမည်ကိုမသိပေမယ့်
တကယ်ပင် သူကြိုက်သည့်မုန့်"ကျေးဇူးပဲနော် Nam တကူးတက
လုပ်လာရတာ အားနာပါတယ် ကောင်း
ကောင်းစားပါ့မယ်" krist က
Laptop ကိုဆွဲယူလာသည်မို့ အသာတ
ကြည်ပဲထည့်ပေးလိုက်သည်
ကိုယ့်ပေါင်ပေါ် လက်သုပ်ပုဝါလေး
ဖြန့်ခင်းပြီး ခရင်းနဲ့မုန့်တုံးလေးကို
တစ်ပါတည်းထိုးထားကာ ပေးလာသည်
YOU ARE READING
Secret (Completed)
Short Storyပိုင်ဆိုင်လိုခြင်းတွေမရှိဘူး သူ့ကို အမြဲပျော်စေချင်တဲ့... အတ္တ တစ်ခုတော့ရှိတယ် သူမသိတဲ့အရပ်မှာနေထိုင်ရင်း သူ့ကို အများကပိုချစ်လာစေချင်တဲ့ အတ္တသေးသေးလေးနဲ့ ကမ္ဘာ တစ်ခုတည်နေခဲ့တဲ့သူ